ရုန်းကန်ရေတဲ့ဂျာကင်ကလော့ပ်ရဲ့လီဗာပူးအတွက် သတင်းဆိုး

လီဗာပူးတောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ် ဟာ အာဆင်နယ်ကို (3-2)ဖြင့် အငြင်းပွားဖွယ်ရာရှုံးနိမ့် ခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ယခုနှစ်အကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာလက်ရွေးစင် တောင်ပံ တိုက်စစ်သမားဟာ ယခုရာသီတွင် ရုန်းကန်နေရတဲ့ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းမှာ ပုံမှန် ခြေစွမ်းပြနိုင်တဲ့ကစားသမား တစ်ဦးလဲဖြစ်ပါတယ်။

သူဟာယခုရာသီ ပရီးမီးယားလိဂ်တွင် ၃ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးထားပါတယ်။တနင်္ဂနွေနေ့တုန်းကအာဆင်နယ်နှင့်ပွဲတွင် ဒါဝင်နူညက်ဇ် ချေပဂိုးသွင်းနိုင်အောင်ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ပထမပိုင်းမှာ သောမတ်စ်ပါတေးရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ဒူးဒဏ်ရာရရှိခဲ့ပြီး ဖာမီနိုနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။လီဗာပူး​ကြယ်ပွင့်ဟာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုပြု လုပ်ရန်မလိုအပ်ပေမဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးအထိအနားယူရတော့မှာပါ။

ဒါကြောင့်လည်း ဒီယက််ဇ် ဟာ ဗီလာနှင့်ဘောက်ဆင်ဒေးပွဲစဉ် အထိ ကစားနိုင်တော့မှာမဟုတ်ပါဘူး။ရုန်းကန်နေရတဲ့ လီဗာပူးအတွက်ကတော့ နောက်ထပ်သတင်းဆိုးပါပဲ။

#မြန်မာဘောလုံး #လီဗာပူး #လူးဝစ်ဒီယက်ဇ်

Be the first to comment

Leave a comment

Your email address will not be published.


*