တော့တင်ဟမ်ဟော့စပါး နဲ့ဟယ်ရီကိန်းကို ရင်နာစေခဲ့တဲ့ အာလင်းဟာလန်း

တော့တင်ဟမ်ဟော့စပါးသည် ပြီးခဲ့သည့်နွေရာသီက ဟယ်ရီကိန်းကို ခေါ်ယူရန် မန်စီးတီး၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ထို့ကြောင့် မန်စီးတီးဟာ ဟာလန်းအား လျှော့ဈေးပေါင် 51 သန်းဖြင့် မခေါ်ယူမီ တစ်နှစ်စောင့်ဆိုင်းခဲ့ရပါတယ်။ ဟာလန်းသည် အံ့မခန်းစတင်ခဲ့ပြီး 13 ပွဲကစားကာ ဂိုး 20သွင်းယူထားပါတယ်။

ဒီရာသီ မန်ချက်စတာစီးတီးမှာအပျော်သဘော ဂိုးတွေသွင်းနေတဲ့ ဟာလန်းရဲ့အောင်မြင်မှုကို ကြည့်ရှုရတာ ဟယ်ရီကိန်း ဖျားနာနေလိမ့်မယ်လို့ ရီယို ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ်က သူကိုယ်တိုင် အီတီဟတ် အသင်းကို ပြောင်းရွှေ့ဖို့ အပြင်းအထန် ချိတ်ဆက်ခဲ့ပြီး ပတ်ဂွာဒီယိုလာ ရဲ့ အသင်းက လဲ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ တော့တင်ဟမ်ဟော့စပါး အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ပေါင်သန်း ၁၅၀ တန်ကြေးသတ်မှတ်လိုက်လို့ လက်လျှော့ခဲ့ရပါတယ်။

အဲဒီအစား မန်စီးတီးက တစ်နှစ်လောက် စောင့်ဆိုင်းပြီး ဒေါ့မွန်ကနေ ဟာလန်းကို ဖြတ်ဈေး ပေါင် 51 သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးမှာ ဂိုး 20 နဲ့ ဟယ်ရီကိန်းကို ခပ်ပြောင်ပြောင်လေး စတင်ဖန်တီးခဲ့ပါတယ်။

”ကိန်း ဟာ ဂိုးသွင်းမုဆိုးလူသတ်သမား၊ သူကသွေးအေးတယ်။ ဘယ်ခေတ်မှာမဆို သူ ဂိုးတွေ သွင်းတယ်။” သူက မန်စီးတီးမှာလဲ ထက်မြက်နေမှာပါ။ ဒါပေမဲ့ကျွန်တော်သာ သူသာဆိုရင်၊ သူ့အစားရောက်လာတဲ့ ဟာလန်းကို အခုမြင်လို​မြင်နေရချိန်မှာ တတွေး မျိုမချနိူင်အောင် ပါးစပ်အဟောင်းသား ဖြစ်နေမိမှာပဲ” လို့ ဖာဒီနန်က သူ့ရဲ့ you tube ချန်နယ်ပေါ်က fiveပေါ့တ်ကာစ်မှာပြောကြားခဲ့ပါတယ်

#မြန်မာဘောလုံး

Be the first to comment

Leave a comment

Your email address will not be published.


*