ဂရေ့ဇ်မန်းဘာစီလိုနာနှင့်အက်သလက်တီကိုတို့ရဲ့အပြောင်းရွှေ့အဆုံးသတ်

ဆီမြွန်နီရဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း ဟာ ဘာစီလိုနာမှ အငှားဖြင့်လာရောက်ကစားနေတဲ့ အန်တိုနီဂရေ့ဇ်မန်းကို ၂၀၂၆ခုနှစ်အထိအပြီးသတ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင် ဂရေ့ဇ်မန်းဟာ ၂၀၁၉ခုနှစ်တုန်းက အက်သလက်တီကိုမှဘာစီလိုနာသို့ ပေါင်၁၀၈သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး သမိုင်းတွင် ဆဌမဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

အဆိုပါကစားသမားဟာဘာစီလိုနာအတွက် ၁၀၃ပွဲကစားကာ ၃၅ဂိုးသွင်းယူခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ရာသီအစမှ စတင်ကာ အက်သလက်တီကိုသို့နှစ်ရာသီအငှားဖြင့်ပြန်လည်ပြောင်းရွှေ့ လာခဲ့ပါတယ်။

အသက်၃၁နှစ်ရှိ ပြင်သစ်လက်ရွေးစင် ဟာ ယခုရာသီတွင်အက်သလက်တီကိုအတွက် ၃ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပေမဲ့လည်း၁၁ပွဲကစားရာမှာ၃ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားနိုင်ပါတယ်။

အက်သလက်တီကိုဟာယခုရာသီတွင် အသင်းပွဲအားလုံးရဲ့ ၅၀ရာခိုင်နှုန်းကို ဂရေ့ဇ်မန်း ကစားခွင့်ရရှိလျှင်ရာသီအကုန်တွင် ယူရိုသန်း၄၀ဖြင့်အပြီးသတ်ခေါ်ယူရမယ်ဆိုတဲ့အချက်ကြောင့်မိနစ်၆၀​ ကျော် မှအရန်ကစားသမားအဖြစ်ဝင် ရောက်ကစားစေခဲ့ပါတယ်။

ယခုအခါမှာတော့အက်သလက်တီကိုမက်ဒရစ်ဟာ ဂ​ရေ့ဇ်မန်းကို ယူရိုသန်း၂၀ဖြင့်အပြီးသတ် ဝယ်ယူလိုက်ပါပြီ။ အက်သလက်တီကိုဘက်မှ ဂရေ့ဇ်မန်းရဲ့ ခြေစွမ်းပြ အောင်မြင်မှုအပေါ်မူတည်ပြီး ဘာစီလိုနာကို နောက်ထပ်ယူရို၄သန်း ပေးရမှာဖြစ်တဲ့အပြင် တခြားအသင်းသို့ပြန်လည် ရောင်းချခဲ့ပါကလည်း အချိုးကျပေးချေရမှာဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*