အာဆင်နယ် vs လီဗာပူး ပွဲမှ ထူးခြားချက်များ

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ Super Sunday Big Match ကတော့ သွင်းဂိုးတွေ မြိုင်ခဲ့ပြီး ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနှစ်ရာသီ အမြင့်ပျံပြနေပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို တဆင့်ပြီးတဆင့် ကျော်ဖြတ်ပြနေသလို လီဗာပူးလ်ကလည်း ရုန်းကန်မှုတွေကြားက ရုန်းထွက်နိုင်ဖို့ လိုအပ်နေတာကြောင့်လည်း ပွဲက မြိုင်ခဲ့တာ ဖြစ်တယ်။

အာဆင်နယ်ဟာ ဒီနှစ်ရာသီ အမြင့်ပျံပြနေပြီး ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို တဆင့်ပြီးတဆင့် ကျော်ဖြတ်ပြနေသလို လီဗာပူးလ်ကလည်း ရုန်းကန်မှုတွေကြားက ရုန်းထွက်နိုင်ဖို့ လိုအပ်နေတာကြောင့်လည်း ပွဲက မြိုင်ခဲ့တာ ဖြစ်တယ်။

ပွဲအစ ၁ မိနစ်မှာတင် မာတင်နယ်လီရဲ့ ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့အတွက် အစကောင်းခဲ့ပါတယ်။ အာဆင်နယ် ဘောလုံးပိုင်ဆိုင်မှု ပြန်ရသွားချိန်မှာ လီဗာပူးလ်ရဲ့ ခံစစ်ကစားသမားတွေ နေရာယူပုံအားနည်းချက်ကြောင့် ပေးလိုက်ရတဲ့ဂိုးလည်း ဖြစ်တယ်။

ဆာကာ ဘောလုံးဆွဲယူလာချိန်မှာ လီဗာပူးလ်ရဲ့ ခံစစ်ညာခြမ်းဟာ မာတင်နယ်လီကို နေရာလွတ် ကြီးကြီးမားမား ပေးခဲ့တာက ဘရာဇီးလ်သားအတွက် စိတ်ကြိုက်လုပ်ခွင့်ရသွားခဲ့တာ ဖြစ်တယ်။ အော်ဒီဂွါဒ်ဆီက ဘောလုံးထွက်လာချိန်မှာ အလိုက်သင့်ပိတ်သွင်းခဲ့ပြီး ဂန်းနားတို့အတွက် ဦးဆောင်ဂိုး ဖြစ်လာစေခဲ့တာပါ။
ဒါပေမဲ့လည်း အဲဒီနောက်ပိုင်း ပထမပိုင်းပွဲချိန်တွေကတော့ လီဗာပူးလ်အသင်း လွှမ်းမိုးထားနိုင်တဲ့ မိနစ်တွေဖြစ်ခဲ့ပြီး အာဆင်နယ်ခံစစ်ကို အဆက်မပြတ် ခြိမ်းခြောက်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ခံစစ်စိတ် ပြန်ဝင်သွားခဲ့ပြီး တန်ပြန်တိုက်စစ်ကိုသာ အာရုံစိုက်ကစားချိန်တွေ ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ် ကွင်းလယ်က တီယာဂိုရဲ့ ဘောလုံးအခင်းအကျင်းတွေက သေသပ်ပြီး အာဆင်နယ်ရဲ့ press တွေကို အသာလေး ကျော်ဖြတ်ပြသွားပုံတွေက ချီးကျူးဖို့ ကောင်းပါတယ်။ ဒီနေ့ပွဲမှာ ချာကာ ကစားပေါက် ကျပ်နေခဲ့တာကြောင့် အာဆင်နယ်ကွင်းလယ် ဟန်ချက်တချို့ ပျောက်ဆုံးခဲ့ပြီး ပါတေးနဲ့ အော်ဒီဂွါဒ်တို့ ဘောလုံးအပျက်များခဲ့တယ်။

ဒီလိုနဲ့ပဲ ပွဲချိန် ၃၄ မိနစ်မှာ ဂါဘရီရဲလ်ရဲ့ ရှင်းထုတ်ပုံ မပီပြင်မှုကနေ ဒီယာဇ် အခွင့်အရေးရသွားခဲ့ပြီး ပြန်ချိုးပေးတဲ့ ဘောလုံးကို နူညက်ဇ်က ပိတ်သွင်းကာ ချေပဂိုး ဖြစ်လာစေခဲ့ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ ဒီယာဇ် နာသွားတာကတော့ လီဗာပူးလ်အတွက် ကံဆိုးစေခဲ့ပြီး ဖေမင်နို ဝင်လာခဲ့ပါတယ်။
၁-၁ ဂိုး သရေဖြစ်သွားခဲ့ပြီးနောက်မှာတော့ ပွဲက အပြန်အလှန် ဖြစ်လာခဲ့ပြီး အာဆင်နယ်ရဲ့ ကစားပုံကလည်း ပြန်လည်ထိရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းအားနည်းမှုက ထင်သာမြင်သာ ရှိခဲ့ပြန်ပြီး ပထမပိုင်းပြီးကာနီးမှာတော့ တန်ပြန်တိုက်စစ်ကနေတဆင့် မာတင်နယ်လီက ဖန်တီးပေးတာကို ဆာကာက ပိတ်သွင်းခဲ့ပြီး အာဆင်နယ်ကို ပြန်လည် ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းမိနစ်တွေကတော့ အာဆင်နယ်ရဲ့အချိန်တွေပါပဲ။ လီဗာပူးလ်ကို ပြန်လည်စီးကစားနိုင်ခဲ့ပြီး ပွဲကို ဖြတ်ပစ်နိုင်တဲ့ အခွင့်အရေးတွေလည်း ရခဲ့တယ်။ ကလော့ပ်အနေနဲ့ အာနိုးလ်အစား ဂိုးမက်ဇ်ကို ထည့်ခဲ့ပေမဲ့ မာတင်နယ်လီက မှော်ဝင်နေဆဲဖြစ်ပြီး အာဆင်နယ်ရဲ့ တိုက်စစ်အများစုဟာ သူ့ဆီကနေပဲ မြစ်ဖျားခံခဲ့တယ်။

အော်ဒီဂွါဒ်ရဲ့ တကြိမ်အပါအဝင် အပိုင်အခွင့်အရေးတွေ ဆက်တိုက်ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကတော့ နှမြောစရာပါ။ အော်ဒီဂွါဒ်အနေနဲ့ ဆာကာကို ခင်းပေးမဲ့အစား ကိုယ်တိုင်ကန်ခဲ့တာက ၃-၁ ဂိုး ဖြစ်သွားမဲ့ အခွင့်အရေးနဲ့ လွဲချော်စေခဲ့ပါတယ်။
အကျိုးရလဒ်ကတော့ ကြီးမားခဲ့ပြီး ၅၃ မိနစ်မှာတော့ ဖေမင်နိုရဲ့ ချေပဂိုးကြောင့် ၂-၂ ဂိုး ဖြစ်သွားခဲ့ပါတယ်။

ဒီဂိုးမှာလည်း ဂါဘရီရဲလ်၊ ဆာလီဘာတို့ရဲ့ ဗဟိုခံစစ်အတွက် ဟန်ချက်မညီခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ပွဲကြီးတွေဆို မငြိမ်တဲ့ ဂါဘရီရဲလ်က ဂိုးတွေပေးနေရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့တယ်။

Be the first to comment

Leave a comment

Your email address will not be published.


*