Super Sundayရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ Emirate ကွင်းတွင် အာဆင်နယ် နှင့် လီဗာပူး တွေ့ဆုံကစားရတဲ့ပွဲစဥ်ဟာ ပရိတ်သတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အာဆင်နယ်ကလီဗာပူးကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပရိသတ်များအကြားအငြင်းပွားစရာ ဖြစ်ရပ်များ ချန်ထားရစ်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်ဟာပွဲအစ ၁မိနစ်တွင် မာတင်နယ်လီရဲ့ဂိုးဖြင့်ပွဲကိုစောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးဟာ ဂါဘရီရယ်လက်ထိဘောမှတဆင့်ပင်နယ်တီရနိုင်တဲ့အခွင့်အရေးကြုံခဲ့ပေမဲ့ ဒိုင်လူကြီးမိုက်ကယ်အိုလီဗာကငြင်းဆိုခဲ့ပါတယ်။
ဒီယေဂိုဂျိုတာရဲ့ဖြတ်တင်ဘောကို ဟန့်တားစဉ် ဂါဘရီရယ်လက်ထိဘောဖြစ်ခဲ့တာဖြစ်ပါတယ်။ယင်းဖြစ်ရပ်ကိုVARဖြင့် ပြန်လည် စစ်ဆေးခဲ့ပေမဲ့ ပင်နယ်တီတော့ မပေးခဲ့ပါဘူး။
ပွဲချိန်၃၄မိနစ်မှာ ဒါဝင်နူညက်ဇ်ကလီဗာပူးအတွက်ချေပဂိုးသွင်းခဲ့ပေမဲ့ပထမပိုင်းမပြီးခင်မှာ ဆာကာကအာဆင်နယ်အတွက်ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲချိန်၅၃မိနစ်မှာ ဖာမီနိုကပြန်လည်ချေပခဲ့လို့ အကြိတ်အနယ်ဖြစ်နေပေမဲ့ ပွဲချိန်၇၆မိနစ်မှာတော့အာဆင်နယ်တို့အနိုင်ဂိုးရရှိစေမဲ့ပင်နယ်တီရရှိသွားပါတယ်။
ပွဲချိန်၇၅မိနစ်မှာလီဗာပူးဧရိယာအတွင်းမှာတီယာဂိုနဲ့ဂါဘရီရယ်ဂျေဆူးတို့ ဘောလုံးအပြိုင်ကန်ခဲ့ရာမှာ လီဗာပူးကွင်းလယ်ကစားသမားကအာဆင်နယ်တိုက်စစ်သမားရဲ့ခြေသလုံးကိုကန်မိခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကိုဒိုင်လူကြီးအိုလီဗာကပင်နယ်တီပေးခဲ့ပြီး ဆာကာကအနိုင်သုံးမှတ် သေချာစေမဲ့ အဖိုးတန် အသဲခွဲ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်
လီဗာပူးတိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်က “ဒီပင်နယ်တီအပေါ်မယုံကြည်နိုင်အောင်ဖြစ်ရတယ်”လို့ သူ့ရဲ့ တွစ်တာကနေ မှတ်ချက်ပေး ရေးသားသွားခဲ့ပါတယ်
Be the first to comment