ဆစ်ဒနီအနောက်ပိုင်းရှိ နေအိမ်တခုအား ယနေ့နံနက်ပိုင်းတွင် ကားဖြင့်ဝင်တိုက်ပြီးနောက် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ကားတိုက်မှုပြီး ခဏအကြာ နံနက် 5:00 နာရီခန့်တွင် ကားတိုက်ခံရသော နေအိမ်သို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သော အသက် ၆၂ အရွယ်အမျိုးသမီးကြီးအား ကြိုးစားကယ်တင်ခဲ့သော်လည်း နေရာမှာတင် သေဆုံးခဲ့သည်။ နေအိမ်အတွင်းမှ အခြားလူသုံးဦးမှာ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် မကြာမီတွင် ကလေးတစ်ဦးနှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အနီးနားရှိ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသမီးသည် အိမ်ကိုကားနှင့်တိုက်ပြီးနာက် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း ရဲများက စွပ်စွဲခဲ့သည်။
အမျိုးသမီးရော ကလေးပါ သိသိသာသာ ဒဏ်ရာမရရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ကလေးကိုတော့ အမျိုးသမီး၏ ဆွေမျိုးတစ်ဦး လာရောက် ခေါ်ဆောင်သွားပါတယ်။အမျိုးသမီးကိုတော့ မူးယစ်ဆေးဝါးနှင့် အရက်သေစာ စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးရုံသို့ ပို့ဆောင်ထားသည်။
မီးသတ်နှင့် ကယ်ဆယ်ရေး NSW ပြောရေးဆိုခွင့်ရှိသူ Samuel Parkhouse က “နေအိမ်သည် ဆိုးရွားစွာ ပျက်စီးခဲ့ပါပြီး။ ကားက အိမ်ရှေ့ကိုတိုက်မိပြီး လေပေါ်မြောက်သွားပုံရတယ်။ ဘာလို့လဲဆိုတော့ အိမ်ခေါင်မိုးမှာတပ်ထားတဲ့ မိုးလေဝသဘုတ်ပျက်စီးနေတယ်။ ကားက အိမ်ရှေကနေ အိမ်နောက်ထိ ထုပ်ချင်းပေါက်တိုက်ထားတာ။ အရင်က မမြင်ဖူးဘူး။”ဟု ပြောကြားခဲ့သည်။
“အိမ်က သိသိသာသာ ပျက်စီးသွားတာ။ အိမ်ကိုပြန်ပြီးတာတောင် လူဆက်နေဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆုံးဖြတ်ဖို့ အင်ဂျင်နီယာတွေက စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရဲတပ်ဖွဲ့များက တိကျခိုင်လုံတဲ့ အချက်လက်များရဖို့အတွက် သတင်းအချက် အလက်များ၊ CCTV သို့မဟုတ် ဒက်ရှ်ကင်မရာ ရိုက်ကူးမှုရှိသည့် မည်သူမဆို မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ ဆက်သွယ်ရန် ပေးဖို့ တိုက်တွန်းထားပါကြောင်း ခင်ဗျာ။
ဒီ post နဲ့ပတ်သက်ပြီး page မှာ ကွန့်မန့်လေးရေးပေးခဲ့ပါအုံး။ စာဖတ်သူတို့ရဲ့ ကွန့်မန့်တစ်ကြောင်းဟာ မင်မင်တို့အတွက် အားဆေးတစ်ခွက်ပါ။
မောင်မြင့် (သတင်းဦး/သတင်းထူးများ)
Be the first to comment