အသက်မသေသေးပဲ အလောင်းထားရာ ရေခဲတိုက်ထဲ အထည့်ခံရသည့် အမျိုးသား

အနောက်သြစတြေးလျတွင် အမျိုးသားတစ်ဦး မသေသေးပဲ ရေခဲတိုက်ထဲထည့်ခဲ့သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

စက်တင်ဘာ ၅ ရက်က ရော့ကင်ဟမ်ဆေးရုံတွင် ကုသပေးနေသည့် အမျိုးသားတစ်ဦး သေဆုံးကြောင်းကို အကြီးတန်း သူနာပြုတစ်ဦးက အတည်ပြုခဲ့ပြီး ငါးနာရီခန့်အကြာတွင် အမျိုးသား၏ ရုပ်အလောင်းကို အလောင်းကို အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပါတယ်။

နောက်တစ်နေ့တွင် ၎င်းအား ကုသပေးနေသည့် ဆရာဝန်မှ ထပ်ဆင့်အလောင်းကို စစ်ဆေးပြီးနောက် သေဆုံးကြောင်း လက်မှတ် ထုတ်ပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ ပြောကြားခဲ့သည်။

အခြား သတင်းတရပ်တွင် စံလုပ်ထုံးလုပ်နည်းဖြစ်သည့် သေဆုံးမှုကို အတည်ပြုရန် ဆရာဝန်ခေါ်ခဲ့ခြင်း မရှိသဖြင့် ဆေးမှူးက အလောင်းကို ထုတ်ပေးခိုင်းပြီး အလောင်းကို သွားကြည့်ကြောင်းပြောထားသည်။

ထိုသို့ သွားကြည့်တဲ့အချိန်မှာ သေဆုံးသူအမျိုးသားဟာ မျက်လုံးပွင့်ပြီး ရုန်းကန်လှုပ်ရှားထားပုံကိုတွေ့ပြီး ရုံးကန်လှုပ်ရှားထားသောနေရာများမှ သွေးများထွက်နေကြောင်း ပြောသည်။

သွေးများထွက်နေမှု၊ မျက်ရည်၊ လက်မောင်းအနေအထားနှင့် မျက်လုံးလက္ခဏာများသည် ရင်ခွဲရုံသို့ရောက်ရှိချိန်တွင် ရင်ခွဲစစ်ဆေးခံရသူတစ်ဦးနှင့် ကွဲလွဲနေသည်ဟု လည်းဖော်ပြထားပါတယ်။ သူ​၏ပြောဆိုချက်အရ အမျိုးသားမှာ ရေခဲတိုက်ထဲရောက်မှ သေဆုံးပုံရသည်။

အမျိုးသား၏ သေဆုံးမှုလက်မှတ်ပါ ရက်စွဲကို စက်တင်ဘာ ၅ ရက်ထက် စက်တင်ဘာ ၆ ရက်စာရင်းတွင် အဘယ်ကြောင့်ဖော်ပြထားသည်ကို မိသားစုဝင်များက မေးမြန်းပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာပဲဖြစ်ပါတယ်။

ရော့ကင်ဟမ်ဆေးရုံ အမှုဆောင်အရာရှိချုပ် Paul Forden က သေဆုံး လက်မှတ်သည် ရောထွေးမှုတစ်ခုကြောင့် ညတွင်းချင်း မပြီးစီးခဲ့ကြောင်း ပြောကြားခဲ့သည်။ တာဝန်ကျဆရာဝန်သည် သီးခြားသေဆုံးမှုနှစ်ခုအား တစ်ပြိုင်နက်တည်း အကြောင်းကြားချက်ရရှိခဲ့ပြီး တစ်လောင်းသာထင်မှတ်ခဲ့ပြီး နောက်ထပ်တလောင်းရှိနေသည်ကို မသိခဲ့ကြောင်းပြောသည်။

ဆရာဝန်၏ပြောဆိုချက်ကိုကြည့်လျှင် သေဆုံးကြောင်း အတည်မပြုပဲ ရေခဲတိုက်ထဲထည့်လိုက်သည်မှာ သေခြာသလောက်ရှိနေပါတယ်။

ဒီအမှုအတွက် တရားရုံးက စစ်ဆေးချက်တွေကို လူသိရှင်ကြား မပြောကြားခဲ့ဘူးဟု လူအများက ဝေဖန်းထားကြောင်းပါခင်ဗျာ။

မောင်မြင့် (သတင်းထူး/သတင်းဦးများ)

Be the first to comment

Leave a comment

Your email address will not be published.


*