“ငါ့အိမ်ထောင်ဖက်က မေမေနဲ့ချစ်ရည်လူး နေတဲ့ ပုံရိပ်တွေက အခုထိ ငါ့ကိုခြောက်လှန့်နေတုန်းပဲ”
ကျွန်မ အခု ယခု ၃၂ နှစ်ရှိပြီ။ ကျွန်မ အသက် ၁၇ နှစ်ကျော်ကျော်လောက်က အိမ်ထောင်ကျခဲ့တယ်။ အမျိုးသားက 18 နှစ်ပေါ့။ သူက ရုပ်လည်းဖြောင့်တယ်လေ။
အမေက 43 နှစ်ပါ။ အဖေ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဒီဇာတ်လမ်းကအစပြုခဲ့တာ။ မေမေက အထီးကျန်ပြီး စိတ်ဓာတ်ကျနေတာ။ အဲ့အချိန် ကျွန်မတို့အိမ်ကို အမေလာနေခဲ့တယ်။
ကျွန်မ ပထမအကြိမ်သိတဲ့အချိန်က ပါတီပွဲအပြန်မှာ ကျွန်မတို့လင်မယားဝင်ခဲ့တယ်။ ကျွန်မ ညလယ်မှာ အိပ်ရာက နိုးလာတယ်။ သူ ကျွန်မဘေးမှာ မရှိတာကို တွေ့ရတော့ ရေအိမ်သွားတယ်ထင်ခဲ့တာ။ တော်တော်နဲ့ပြန်ရောက်မလာတော့အံ့သြသွားတယ်။
ကျွန်မအခန်းထဲက ထွက်လိုက်တော့ အေမေ့အခန်းထဲက အသံတွေ ညည်းညူသံတွေ ကြားလိုက်ရတယ်။ ကျွန်မ ထိတ်လန့်တကြားနဲ့ အခန်းထဲပြန်ဝင်လာပြီး ငိုနေလိုက်လိုက်ပါတယ်။
နောက်နေ့ကျတော့ သူတို့ နှစ်ယောက်လုံးက ပုံမှန်အတိုင်း ပြောဆိုနေကြတယ်။ ကျွန်မသား ရှက်လွန်းလို့ သူတို့ နှစ်ယောက်စလုံးကို ဘာမှ ပြန်မပြောနိုင်လောက်အောင် ဖြစ်နေရတယ်။ အဲဒီနောက် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။
ကျွန်မတို့နှစ်ယောက်ဟာ သူတက္ကသိုလ်တက်ရတဲ့အချိန်မှာ ဇာတ်လမ်းတခန်းရပ်သွားတယ်။
ကျွန်မ သူ့ကိုရော အမေနဲ့ရော မတွေ့ရတာ နှစ်အတော်ကြာနေပြီ။ အမေနဲ့တခါတရံ ဖုန်းအဆက်အသွယ်ရနေပေမယ့် မကြာသေးခင်ကပဲ ကျွန်မသူငယ်ချင်းတယောက်က သူကလေးရနေတယ်ပြောတယ်။ မွေးစားတာလဲဖြစ်နိုင်တယ်တဲ့။
ကျွန်မ သူတို့ကိုရင်ဆိုင်ချင်ပေမယ့် အတိတ်က အရိပ်ကလွမ်းမိုးနေစဲပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရမှာလား။ ဘာဆက်လုပ်ရမလဲ လို့ရေးသားထားပါတယ်။
အပေါ်မှာပြောပြခဲ့တဲ့ မိန်းကလေးနာမည်ကတော့ DEAR DEIDRE လို့ပြောထားပါတယ်။ အဂ်လန်ကပါ။
စာဖတ်သူတို့မှာ သစ္စာဖောက်ခံရလို့ စိတ်ဓါတ်ကျနေရင်လဲ သူဆီကို ဆက်သွယ်စကားပြောနိုင်ပါတယ်လို့ ဖိတ်ခေါ်ထားပါတယ် ခင်ဗျာ။ အောက်မှာ ဒီဒါရဲ့ official facebook page ကိုတပါထဲ ဖော်ပြလိုက်ပါတယ်။ မောင်မြင့် (သတင်းထူး/သတင်းဦးများ)
Be the first to comment