ထိုင်းတွင် ဆေးကြောင်ကာ နောက်ထပ် ပစ်ခတ်မှုထပ်မံဖြစ်ပွား

ထိုင်းနိုင်ငံတွင် မနေ့ကမှ ပူပူနွေးနွေး မူကြိုကျောင်းတစ်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ပစ်ခတ်သူမှာ ဆေးကြောင်နေသူတစ်ယောက် ဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေ ပြောကြားချက်အရ သိရပါတယ်။

ထိုပစ်ခတ်မှုကြောင့် မူကြိုကလေးငယ်များအပါအဝင် ၃၈ ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ယနေ့မှာလဲ ကျောင်းတစ်ကျောင်း ဘေးအနီးမှာပစ်ခတ်မှုတခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ ဆေးကြောင်နေတယ်လို့သိရှိရပါတယ်။

နောက်ထပ် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးသဖြင့်ကျောင်းသားမိဘများ စိုးရိမ်ထိတ်လန့်ကာ မိမိတို့ရဲ့ကလေးငယ်များအား မိုးထဲ ရေထဲတွင် အပြေးအလွှား သွားရောက် ခေါ်ထုတ် ခဲ့ရကြောင်းသိရပါတယ် ။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ ပစ်ခတ်မှုဖြစ်ပွားရာ နေရာကတော့ ထိုင်းနိုင်ငံ နခွန်စီထမ္မရတ်ခရိုင် လွန်ဖိဘွန်းမြို့နယ် ခွန်ဖန်ရပ်ကွက်ရှိ “ စူစန်းခိုစစ် “ စာသင်ကျောင်း ဘေးအနီးမှာ ဖြစ်ပါတယ်။

ကျောင်း အနီးတစ်ဝိုက်တွင် အမျိုးသားတစ်ဦး စိတ်ကြွဆေးကြောင်ကာ သေနတ်ပစ်ခတ်ခဲ့ပြီး အချိန်ပိုင်း အတွင်းမှာပဲ သေနတ်သမားအား ရဲတပ်ဖွဲ့မှ အချိန်မှီ ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်။

​ထိုပစ်ခတ်မှုတွင် ထိခိုက် သေဆုံးသူများ မရှိဘဲ မိုးပေါ်ထောင် ပစ်ခြင်းသာဖြစ်ကြောင်း ကနဦး သတင်းအရ သိရှိရပါတယ်။ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

မောင်မြင့် (သတင်းထူး/သတင်းဦးများ)

Be the first to comment

Leave a comment

Your email address will not be published.


*