ဂရိတ်တွင် ရွှေ့ပြောင်းလှေနှစ်စီး နစ်မြုတ် လူ ၃၀ကျော်သေဆုံး

ဂရိအားလပ်ရက် အပန်းဖြေကျွန်းတစ်ကျွန်းအနီးတွင် လေပြင်းမုန်တိုင်းတိုက်ခက်မှုကြောင့် ရွှေ့ပြောင်းလှေနှစ်စင်းနှစ်မြုတ်ပြီး လောလောဆယ်ထိ လူသေအလောင်းပေါင်း ၃၀ တွေ့ရှိထားသည်။ အများစုသည် မိန်းကလေးများဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲက ရှာဖွေ့များကို ဆက်လက်လုပ်ဆောင်နေပြီး လောလောဆယ်တွင် မိန်းကလေး ၉ ဦးနှင့် ယောက်ျားလေးတစ်ဦးကို ကယ်ဆယ်ထားနိုင်ခဲ့သည်။ နောက်ထပ် ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့လဲ သိရပါတယ်။ အခြားသတင်းတရပ်တွင် အမျိုးသမီး ခုနစ်ဦးနှင့် ကလေး ၁၈ ဦး အပါအဝင် စုစုပေါင်း လူ ၈၀ ကို ကယ်ဆယ်နိုင်ခဲ့သည် ဟု ဖော်ပြထားသည်။

“ကယ်ဆယ်ခဲ့တဲ့ အမျိုးသမီးတွေဟာ လုံးဝ ထိတ်လန့်တုန်လှုပ်နေကြပါတယ်” ဟု ကမ်းခြေစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူ Nikos Kokkalas က ပြောကြားခဲ့သည်။

သင်္ဘောပေါ်ပါသူများသည် အီရန်၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှ ခိုလှုံခွင့်ရှာဖွေသူများဖြစ်သည်။သင်္ဘောသည် တစ်နာရီ မိုင် ၆၃ မိုင်နှုန်းဖြင့် ကျောက်ဆောင်များနှင့်တိုက်မိကာ လုံးဝပျက်စီးသွားကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

လှေနစ်မြုတ်စဥ် လူများဟာ နီးစပ်ရာကျောက်ဆောင်များပေါ်တွင်တက်ပြီးနေထိုင်ခဲ့ကြရသည်။ကျောက်ဆောင်များပေါ်ရှိလူးများကို ကျွန်သားများကယ်ဆယ်ဖို့ ချောက်ကမ်းပါးများပေါ်မှ ကြိုးများချပေးခဲ့ကြသည်။ သို့သော်လည်း လှိုင်းများထန်နေသောကြောင့် ထင်သလောက်အလုပ်မဖြစ်ပေ။

ယခုလှေနစ်မြုတ်ရာ ရေလမ်းသည်မှောင်ခိုသမားများ အသုံးပြုသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ တူရကီနိုင်ငံ အနောက်ဘက် မိုင် ၂၅၀ ခန့်အကွာတွင်ရှိပြီး ဂရိကို ဖြတ်ကျော်ကာ အီတလီသို့ တိုက်ရိုက် သွားနိုင်သည်။

မောင်မြင့် (သတင်းထူး/သတင်းဦးများ)

Be the first to comment

Leave a comment

Your email address will not be published.


*