ပြီးခဲ့တဲ့ စနေနေ့က အင်ဒိုနီးရှားနိုင်ငံ Kanjuruhan အားကစားကွင်းမှာ Arema FC မှဧည့်သည် Persebaya Surabaya ကို 3-2 ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ ပရိတ်သတ်တွေဟာ ပေါက်ကွဲပြီး ကွင်းထဲဝင်လာကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။
အိမ်ရှင် Arema FC ပရိသတ် တွေကွင်းထဲဝင်လာရာမှ ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက နောက်ထပ် ပရိတ်သတ်များ ကွင်းထဲ ထပ်မဝင်လာစေရန် အားကစားကွင်း၏ အလုံပိတ်နေရာများသို့ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။
ထိတ်လန့်ဖွယ်ဖြစ်ရပ်မှ အသက်ရှင်ကျန်ရစ်သူ Arema ပရိသတ် Toni Lestari Widodo၊ 62 နှစ် က “ပွဲရလဒ်အတွက် ကျွန်တော်တို့အားလုံး စိတ်ပျက်ခဲ့ကြပေမယ့် ရဲတွေက မျက်ရည်ယိုဗုံးတွေ စတင်မပစ်ခတ်ခင်အထိ (အကြမ်းဖက်မှု) ဒါမှမဟုတ် ပရမ်းပတာ လက္ခဏာ မတွေ့ခဲ့ရပါဘူး”
“ရဲတွေက သူတို့ရဲ့ အခြေအနေကို ကိုင်တွယ်ရာမှာ တုံ့ပြန်မှု လွန်ကဲခဲ့တယ်။ သူတို့ဘာကြောင့်လုပ်ခဲ့တာလဲဆိုတာ ငါ တကယ်နားမလည်ဘူး။ ဒါဟာ ရဲတွေရဲ့ အဓိပ္ပါယ်မရှိအကြမ်းဖက်မှုပဲ” ဟု ပြောကြားခဲ့သည်။
Andi Hariyanto ဆိုသူက “သူသည် ဇနီးဖြစ်သူ၊ သမီး နှစ်ယောက်နှင့် သားငယ်လေးကို ခေါ်ကာ ဘောလုံးပွဲလာကြည့်ခဲ့ကြောင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာထွက်ပေါက်ဆီသို့ လူအများအပြေးအလွှားသွားနေကြသော်လည်း
သူတို့မိသားစုသည် ကလေးတွေပါနေတာကြောင့် နေရာမှာတင် မတ်တတ်ရပ်၍ ကျန်ရစ်ခဲ့ကြောင်း၊ ကွင်းအတွင်း အဓိကရုဏ်းနှိမ်နင်းရေးရဲများက မတ်တတ်ရပ်နေသူတွေထံ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သူတို့ထွက်ပေါက်ဆီသို့သွားခဲ့ရကြောင်း” ၎င်းက ပြောသည်။
“ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုပါပဲ၊ ဒီပွဲကို ကြည့်နေတဲ့ အမျိုးသမီးနဲ့ ကလေးတွေ အများကြီးရှိတယ်ဆိုတာ သူတို့မသိဘူးလား၊ ကျွန်တော် တကယ်ကို နားမလည်သေးဘူး၊ သူတို့က ငါတို့ကို ပစ်သတ်ချင်အောင် ငါတို့ဘာလုပ်ခဲ့လဲ။” ဆိုပြီး ဒေါသတကြီး ပြန်ပြောခဲ့သည်။
Hariyanto သည် ၎င်း၏ ၂ နှစ်အရွယ်သားလေးနှင့်အတူ သေဘေးမှ လွတ်မြောက်နိုင်ခဲ့သည်။ ဒါပေမယ့် သူ့ဇနီး Gebi Asta Putri Purwoko နဲ့ သမီးနှစ်ယောက် Natasya Debi Ramadani 14 နှစ် နဲ့ Naila Debi Anggraini 12 နှစ်တို့ကတော့ အဖြစ်ဆိုးကြီးရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။
သူဟာ သန်းခေါင်ယံအချိန်လောက်မှာ အလောင်းအိတ် ဒါဇင်ပေါင်းများစွာ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ အားကစားကွင်းကို ပြန်သွားခဲ့တယ်။ “ကျွန်တော့ မိသားစုကိုရှာဖို့ ကာဗာတွေကို တစ်ခုပြီးတစ်ခုဖွင့်လိုက်တယ်၊ နောက်တော့ Natasya နဲ့ Naila က တစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်” လို့ မျက်ရည်တွေ သုတ်ရင်း ပြောပါတယ်။ ထို့အပြင် “အလောင်းတွေကို ရှာတွေ့ဖို့ ဘယ်နှစ်လောင်းမှန်း မမှတ်မိပေမယ့် အကုန်ပြီးသွားတော့တောင် ဇနီးသည်ကို ရှာမတွေ့သေးဘူး”ဟု ၎င်းကပြောကြားခဲ့ပါတယ်။
လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့ ပရိသတ်တွေဟာ အထွက်တံခါးအများအပြားကို လုံခြုံရေးတွေ မဖွင့်ထားတာကြောင့် ပိတ်မိနေခဲ့တာဖြစ်တယ်လို့ အမျိုးသားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုတွင် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က အားကစားကွင်း၏ ထွက်ပေါက်များကို ထိန်းညှိပေးရသည့် လုံခြုံရေးတာဝန်ရှိသူများအား အပြီးအပိုင်ဖယ်ရှားလိုက်ကြောင်း ပြောကြားခဲ့သည်။ “တံခါးတွေဖွင့်ထားသင့်ပေမယ့် ပိတ်ထားပါတယ်” ဟု အသင်း၏စည်းကမ်းထိန်းသိမ်းရေးကော်မရှင်အကြီးအကဲ Erwin Tobing က ပြောကြားခဲ့သည်။ အားကစားကွင်းမှာ စုစုပေါင်း တံခါး ၁၄ ပေါက်ရှိပါတယ်။
လုံခြုံရေးစည်းမျဉ်းများနှင့် အစီအမံများသည် ပွဲမပြီးမီ 10 မိနစ်အလိုတွင် ဂိတ်များကို လော့ခ်ဖွင့်ရမည်ဟု ဖော်ပြထားသည်။ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ညက ဒိုင်လူကြီးပွဲပြီးဝီစီမှုတ်ပြီးနောက် မိနစ်အတော်ကြာထိ တံခါးအများအပြားကို သော့ခတ်ထားဆဲဖြစ်ကြောင်း အသင်းမှ မှတ်ချက်ပြုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ Ahmad Riyadh ကလည်း လုပ်သားရှားပါးမှုအား အပြစ်တင်ခဲ့ပြီး ဂိတ်ဖွင့်ရန် “အစောင့်အနည်းငယ်သာ” ရှိကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် ရုန်းရင်းဆန်ခတ်မှုတွင် မျက်ရည်ယိုဗုံးအသုံးပြုမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး အရှေ့ဂျာဗားပြည်နယ်မှ အရာရှိကိုးဦးကို ဆိုင်းငံ့ထားခဲ့သည်။ တရားဝင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် အင်ဒိုနီးရှားဘောလုံးလိဂ်ပြိုင်ပွဲအားလုံးကို သမ္မတ Joko Widodo ၏ အမိန့်အရ ဆိုင်းငံ့ထားသည်။ ဗုဒ္ဓဟူးနေ့တွင်၊ Widodo ကသူသည်နောက်ထပ်ဖြစ်ရပ်ဆိုးများကို တားဆီးရန်တိုင်းပြည်တစ်ဝှမ်းရှိ ဘောလုံးကွင်းများကို စုစုပေါင်းစစ်ဆေးမှု ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
ထိုဖြစ်စဥ်ကြောင့် ကွင်းအတွင်းမှာရော ဆေးရုံမှာပါ အနည်းဆုံး ၁၂၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူဦးရေ ၁၈၀ ၀န်းကျင် ရှိခဲ့ပါတယ်။ ဒါဟာ အင်ဒိုနီးရှားဘောလုံးလောကရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။
မောင်မြင့် (သတင်းထူး/သတင်းဦးများ)
Be the first to comment