ထိုင်းရဲပြုတ်က လူမဆန်စွာ လူမမယ်ကလေးတွေကို ပစ်ခတ်သတ်ဖြတ်ခြင်း၏ နောက်ကွယ်က အဓိကအကြောင်းအရင်း

ဒီကနေ့ထိုင်းနိုင်ငံမှာအပြစ်မဲ့တဲ့ကလေးငယ်များနဲ့ ကျောင်းဆရာတွေအပါလူပေါင်း ၃၅ ဦးကိုမဆီမဆိုင်ဆေးကြောင်ပြီး လူငယ်စောင့်ရှောက်ရေးဂေဟာမူကြိုကျောင်းထဲဝင်ကာ ရက်ရက်စက်သက်ဖြတ် ပစ်သတ်လိုက်တဲ့ဖြစ်စဉ်ဟာ

ထိုင်းတစ်နိုင်ငံလုံးရဲ့ မိဘပြည်သူတွေကို တုန်လှုပ်သွားစေခဲ့ပါတယ် ။ ချင်းမိုင်မှာရောက်ရှိနေတဲ့ထိုင်းရဲချုပ်အဖွဲ့ကလည်းရဟတ်ယာဉ် ၂ စီးနဲ့အခင်းဖြစ်ပွါးတဲ့နေရာကိုချက်ချင်းလိုက်လံသွားပြီး သေနတ်သမားကိုအသေးပသ်ခတ်ဖမ်းဆီးအမိန့်ပေးခဲ့ပါတယ် ။ သေနတ်သမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းကနေ

၄င်းအားစိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှုဖြင့် ရဲတပ်ဖွဲ့မှအရေးယူကာအပြီးအပိုင်ထုတ်ပယ်ခံလိုက်ရတဲ့ ရဲတပ်ကြပ်ကြီးဟောင်းတစ်ဦးဖြစ်ပါတယ် ၊ သူဟာကျောင်းသားဘဝကတည်းကပင် မူးယစ်ဆေးဝါးသုံးစွဲခဲ့သူဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံအစစ်ဆေးခံခဲ့ပါတယ် ၊

ရဲတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းလုပ်ဖော်ကိုင်ဖက်များနှင့်အထက်အောက်အပြန်အလှန်ဆက်ဆံရေးများတွင်လည်း မည်သူနှင့်မှ အဆင်မပြေသည့်အတွက် “ ငပွကြီး “ ( သို့ ) ချဉ်ပတ်ဟုအမည်တွင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည် ။ တစ်ခါကလမ်းလျှောက်လာနေစဉ် အများပြည်သူသွား လမ်းပေါ်တွင်အိပ်နေသည့်ခွေးကလေးများကို သေနတ်ဖြင့်အကြောင်းမဲ့လိုက်လံပစ်တတ်သူ ၊

မူးရင်အလွန်ပြသနာရှာတတ်သူ ၊ မကြာခဏလက်နက်အားကိုး၍ အာဏာပါဝါပြတတ်သူတစ်ဦးဖြစ်ကြောင်း မှတ်တမ်းများအရသိရှိရပါသည် ။ယနေ့ဖြစ်စဉ်မှာလည်း ၄င်းအားရဲတပ်ဖွဲ့မှအပြီးအပိုင်ထုတ်ပယ်ခံလိုက်ရသည့်ခံစားချက်နှင့်မိသားစုအဆင်မပြေမှုများကို စ်တ်ခံစားချက်ဖြင့်စိတ်ကြွဆေးသုံးစွဲကာ

အခမဲ့မူကြိုကျောင်း ( ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ ) သို့နေ့လည် ၁၂;၅၀ ချိန်သေနတ်နဲ့ဝင်ဟောက်ပစ်ခတ်ခဲ့ပြီး လုံခြုံရေးအစောင့်နှင့်ဆရာ/မ ၂ ဦးအပါ အိပ်ပျော်နေသည့်ကလေးများအပါ စုစုပေါင်း ၄၃ ဦးသေဆုံးပြီးအပြန်လမ်းတွင် လမ်းမှာတွေ့သည်ြအပြစ်မဒ့ပြည်သူ ၂ ဦးကိုပါ အကြောင်းမဲ့ပစ်တ်ခတ်သတ်ဖြတ်ခဲ့ပါတယ် ။၄င်း၏နေအိမ်ကိုရောက်ခါနီး

သူမောင်းနှင်လာတဲ့ကားကိုမီးရှို့ဖျက်ဆီးပြီး နေအိမ်ရှိ သူ၏ ၂ နှစ်သားကလေးနှင့်ဇနီးကိုပစ်ခတ်ပြီး နောက်ဆုံးမိမိကိုယ်မိမိအဆုံးစီရင်သွားခဲ့ပါတယ် ။ သေဆုံးသွားကြတဲ့လူမမယ်ကလေးသူငယ်မိခင်များကတော့ မပဋာမြေလူးသကဲ့သို့ ရင်ထုမနာငိုကြွေးသံတွေဟာ ကြားရသူအဖို့နားဝမှာ ကြေကွဲဆိုနစ်ကြရရှာခဲ့တယ် ။

ဒဏ်ရာရရှိသူ ၁၂ ဦးထဲမှာ ၈ ဦးဟာ စိုးရိမ်ရတဲါအနေအထားကြောင့် အရေးပေါ်သွေးလိုအပ်မှုတွေရှိခဲ့လို့ ဒေသခံပြည်သူတွေဟာ ဆေးရုံမှာသေံးလှူကြဘို့ အဆင်သင့်ဘဲတန်းစီလို့စောင့်ဆိုင်းနေကြပါတယ်။ ရင်ခွဲရုံကနေသေဆုံးများရဲ့ရုပ်ကလာပ်များကိုသယမထုတ်လာကြတဲ့မြင်ကွင်ကလည်း မိဘတွေနေရာမှာဝင်ရောက်ကိုယ်ချင်းစာကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်ရပါတယ် ။

သေနတ်သမားမိသားစု ၃ ဦးအပါအဝင် စုစုပေါင်းသေဆုံးဟာ ၃၈ ဦးအထိရှိသွားပါပြီး ၊ လူကြီး ၁၂ ဦးပါပါတယ် ။ နောက်ဆုံးတော့မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးဟာသက်သေပြလိုက်တာပါဘဲ။

Be the first to comment

Leave a comment

Your email address will not be published.


*