အမေရိကန်နိုင်ငံ အော်လန်ဒိုရှိ ဖစ်တီဟာမာဇန်ဟု ခေါ်သော အမျိုးသမီးတစ်ဦးသည် ၎င်း၏ညီမငယ်အား ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
မာဇန်တွင် အမည်မဖော်လိုသော ဝေကွာနေသည့်ချစ်သူတစ်ယောက်ရှိသည်။ သူတို့နှစ်ဦးသည် သိပ်ပြီးအစီးမကပ်လှပေ။ မာဇန်၏ ချစ်သူသည် ညီမဖြစ်သူ ဆေးမားနှင့် Valorant အမည်ရသော ဗွီဒီယိုဂိမ်း ချက်ဘောက်မှတဆင့် အီစီကလီ ပြီတီတီလုပ်နေသည်။
ဒါကို မာဇန်သိသွားသောအခါ ညီမဖြစ်သူ ဆေးမာနှင့် သူ၏ချစ်သူကို အီစီကလီလုပ်နေတာ အဆင်မပြေကြောင်းပြောပြီး တာသည်။ ဆေးမား နှင့် မာဇန်၏ချစ်သူတို့သည် တားဆီးမရပဲ ဆက်တိုးခဲ့ကြသည်။
မာဇန်နှင့် ဆေးမားတိုသည် အိပ်ယာတခုထဲတွင် အတူအိပ်ကြရသည်။ မာဇန်၏ချစ်သူနှင့် ညီမဖြစ်သူတို့ အပြန်အလှန် စာပို့နေသည်ကို မြင်နေရသည်။ ညီမဖြစ်သူ ဆေးမားနှင့် မာဇန်တို့သည် ကောင်လေးကို အကြောင်းပြု၍ ဆက်ဆံရေးအဆင်မပြေတော့ပေ။
မာဇန်သည် သူ၏ချစ်သူနှင့် ညီမတို့ မေတ္တာမျှနေသည်ကို သိသွားသောအခါ အမေဇွန်မှ ဓါးတစ်ချောင်းကို၀ယ်ပြီး ဖွတ်ထားလိုက်သည်။ ထို့နောက် မာဇန်က စက်တင်ဘာ ၂၆ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ညီမဖြစ်သူ အသက် 20 အရွယ်ဆေးမားအား ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်လိုက်တော့သည်။
မာဇန်သည် ဆေးမားအား ဓားဖြင့်ထိုးသတ်ခဲ့မှုကို ရဲတပ်ဖွဲ့သို့ ညနေ 7:30 (15 နာရီကြာပြီး) မှ ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ရဲစခန်းသို့ရောက်သောအခါ မာဇန်က ဆေးမားကို သတ်ဖို့ရန်အတွက်မိသားစု အိပ်ပျော်သွားသည်အထိ စောင့်ဆိုင်းခဲ့ပြီး မနက် ၄ နာရီ ၃၀မိနစ်မှ ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ဆက်လက်ပြီး မာဇန်က သူ့ညီမ ဆေးမားကို သတ်ဖို့ရန် သေခြာဆုံဖြတ်ခဲ့ကြောင်း၊ သတ်နေစဥ်တွင်လဲအသိစိတ်မလွတ်ကြောင်း၊ ဆေးမားကိုသတ်ပြီး နာရီပိုင်းအကြာတွင် သူမသည် မိမိအသက်ကို သတ်သေရန်စဥ်းစားခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ကြောင်း ပြောပြခဲ့သည်။
မာဇန်သည် လက်ရှိတွင် အော်လန်ဒိုအကျဉ်းထောင်တွင် အနှောင်အဖွဲ့ကင်းကင်းဖြင့် ချုပ်နှောင်ထားပြီး ပထမအဆင့် လူသတ်မှုဖြင့် တရားရင်ဆိုင်နေရသည်။ သြော်…. ရည်းစားလူလု အူနုကျွဲခတ်ဆိုတာ အခုလိုအဖြစ်ကိုပြောတာထင်ပါရဲ့။
မောင်မြင့် (သတင်းဦး / သတင်းထူးများ)
Be the first to comment