အိမ်မွေးခွေးတွေဟာ လူတွေနဲ့ ယဥ်ပါပေးမယ့် အပြည့်ဝယုံစားလို့မရဘူးဆိုတာ ပြသခဲ့တဲ့ အဖြစ်ပျက်တခု

မဂ်လာပါ စာဖတ်သူတို့ရေ… ယခု တင်ဆက်ပေးချင်တဲ့ သတင်းလေးတပုဒ်ကတော့ အမေရိကန် ခွေးဘီးဘူး တစ်ကောင်ကြောင့် ၆၅ နှစ်အရွယ် အဖွားတစ်ဦး အသက်သေဆုံးခဲ့ရတဲ့ သတင်းလေးပဲဖြစ်ပါတယ်။

အဂ်လန်နိုင်ငံ လီဗာပူးအနားမှ ဗောက်စ်(Vauxhall) မှာနေထိုင်တဲ့ အန်းဒွန်း( Ann Dunn ) လို့ခေါ်တဲ့ ၆၅နှစ်အရွယ် အဖွားအိုတစ်ယောက်ရှိပါတယ်။ သူမဟာ ဗောက်စ် ဒေသမှာ နေထိုင်လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ သူမမှာ ယောက်ျားနှင့် သမီးလေးတစ်ယောက်လဲ ရှိပါတယ်။

တနလ်ာနေ့က သူမ လမ်းလျောက်ထွက်ချိန်မှာ အိမ်တစ်အိမ်ထဲမှာ လွတ်ထားတဲ့ အမေရိကန် ခွေးဘီးဘူး တစ်ကောင်ရဲ့ ကိုက်တာခံရပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားသည့်နေ့ ညနေ ၄ နာရီခန့်တွင် အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို အိမ်နီးချင်းများက ကြားခဲ့ကြောင်း သိရသည်။ သူတို့ထွက်လာချိန်မှာ အဖွားဟာ လည်ပင်းနှင့် မျက်နှာများကို အကိုက်ခံထားရပြီး အသက်မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။ ခွေးပိုင်ရှင် အမျိုးသားကတော့ သူဟာခွေးကို ထိန်းခဲ့ပေမယ့် နိုင်အောင်မထိန်းနိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

အိမ်နီးနားချင်းများက အဆိုပါ အမျိုးသမီး သေဆုံးမှုအပေါ် ထိတ်လန့် အံ့အားသင့်မိကြောင်း ၊ သူမဟာ အမြဲတမ်း ဖော်ရွေတဲ့ နှစ်လိုဖွယ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း နှင့် သူမ ဒီဒေသမှာနေတာ နှစ် ၃၀ ကျော်လောက်ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဖွားအိုသေဆုံးမှုနဲ့ပတ်သက်ပြီး ခွေးပိုင်ရှင် အသက် ၃၁ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ ထို့အပြင် ၎င်းအိမ်တွင်းရှိ အဖွားအိုကိုကိုက်တဲ့ခွေးအပါဝင် အခြားခွေးလေးကောင်ကို လူသားဆန်စွာ ရှင်းလင်းခဲ့ကြောင်း ပြောပါတယ်။ ( မဆီမဆိုင်တဲ့ ကျန်ခွေး ၄ ကောင်ကတော့ သနားစရာပါ)

စုံထောက်စစ်ဆေးရေးမှူး Katie Coote က “ဒါဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ မိသားစုနဲ့ သူငယ်ချင်းများနဲ့ တန်းတူ စိတ်မကောင်းဖြစ်ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်ပျက်လေးကနေ မိတ်ဆွေတို့ သတိထားစရာတခုခုရမယ်လို့ မျော်လင့်ပါတယ်ခင်ဗျာ။

မောင်မြင့် (သတင်းထူး/သတင်းဦးများ)

Be the first to comment

Leave a comment

Your email address will not be published.


*