မင်္ဂလာဆောင်သွားသည့် ဘတ်စ်ကား ချောက်ထဲပြုတ်ကျ လူ ၂၅ ဦး သေဆုံး

ယနေ့နံနက်ပိုင်းက မဂ်လာဆောင်သွားမည့် ဧည့်သည်များတင်ဆောင်လာသော ဘက်စကားတစ်စီးသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ချောက်ထဲသို့ ပြုတ်ကျခဲ့ပြီး လူ ၂၅ ဦးသေဆုံးခဲ့ပါတယ်။

အဆိုပါယဥ်သည် Uttarakhand ပြည်နယ်ရှိ Treacherous တောင်ပေါ် အဝေးပြေးလမ်းမကြီးမှ အနည်းဆုံး ပေ 1,640 အနက်ရှိချောက်ထဲသို့ ပြုတ်ကျခဲ့တာပါ။

ကားပေါ်မှာ မဂ်လာဆောင်သွားမည့် ဧည့်သည် 45 ဦးလိုက်ပါလာခဲ့ပြီး ထိုအထဲမှ လူ ၂၅ ဦးသေဆုံးခဲ့သည်။ အံ့သြစရာကောင်းလောက်အောင် လူ ၂၀ ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်နယ်၏ ထိပ်တန်းရဲအရာရှိ Ashok Kumar က AFP သို့ ပြောကြားခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူများကို “တတ်နိုင်သမျှ အကူအညီ အထောက်အပံ့တွေ လုပ်ပေးမည်” ဟု ၀န်ကြီးချုပ် Narendra Modi က ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်၏ တွစ်တာမှာလဲ ‘ဒီကြေကွဲဖွယ်အချိန်လေးမှာ ကျွန်မရဲ့ အတွေးတွေက ကျန်ရစ်သူမိသားစုတွေနဲ့ အတူရှိနေပါတယ်’ ဟု ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်း၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းခြုံထားသည့် Uttarakhand တွင် ယာဉ်မတော်တဆမှုများသည် အဖြစ်များပြီး ဘာသာရေး ဘုရားဖူးနေရာ မြောက်မြားစွာ၏ နေရာလဲဖြစ်သည်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလဲ ပြည်နယ်မြို့တော် Dehradun မြောက်ဘက်ရှိ ဟိန္ဒူနတ်ဘုရား Yamuna ဆီသို့ သွားနေစဉ် ဘတ်စ်ကားတစ်စီး ပြုတ်ကျပြီး လူနှစ်ဒါဇင်နီးပါး သေဆုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှု၏ တစ်ရာခိုင်နှုန်းသာရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ကားတိုက်မှုကြောင့် သေဆုံးမှု ၁၅၀,၀၀၀ သို့မဟုတ် လေးမိနစ်တိုင်းတွင် လူတစ်ဦးနှုန်းသေဆုံးသည်ဟု ခန့်မှန်းထားသည်။

ယာဉ်တိုက်မှုကြောင့် အိန္ဒိယစီးပွားရေးသည် တစ်နှစ်လျှင် ဒေါ်လာ ၇၅ ဘီလီယံခန့် ကုန်ကျခဲ့သည်။ ယဥ်မတော်တဆမှုကြောင့် ဆေးဖိုးဝါးခနှင့် ဝင်ငွေဆုံးရှုံးမှုများ​သည် အသက်ရှင်ကျန်ရစ်သူ အများအပြားကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့ကြောင်း ၎င်းကဆိုထားသည်။

ရေးသားသူ – မောင်မြင့် (သတင်းထူး/သတင်းဦးများ)

Be the first to comment

Leave a comment

Your email address will not be published.


*