Winders Sianene ဟုခေါ်သော အသက် 34 နှစ်အရွယ် အမျိုးသားတစ်ယောက်သည် ဇင်ဘာဘွေအနောက်ပိုင်းရှိ Mlibizi ရွာအနီး ငါးဖမ်းနေရာသို့ လွန်ခဲ့သည့် သီတင်းပတ်က သွားရောက်ခဲ့သည်။ ထိုအချိန်မှာ ကံတရားက ဆင်တစ်ကောင်နှင့် တွေ့ဆုံပေးခဲ့သည်။
ဆင်သည် သူ့ကို မြင်သည်နှင့် နင်းသတ်ရန် တဟုန်ထိုးလိုက်ပါတော့တယ်။ Sianene လည်းပြေးရပါတော့တယ်။ နောက်ဆုံး ဆင်နင်းခံရပြီး မသေပဲ လွတ်မြောက်ရန် တခုတည်းသောနည်းမှာ မြစ်ထဲသို့ ခုန်ချမှသာဖြစ်မည်ဟု Sinanene သိခဲ့သည်။
သူဟာ အကြံရ ရချင်းပဲ အလျင်အမြန် ရေထဲသို့ခုန်ဆင်းကာ ဆင်ကြီးနဲ့ ဝေးရာသို့ ကြိုးစား ကူးခတ်ရန် ခဲ့သည်။ ထိုအချိန်တွင်သူ၏ခြေထောက် ချွန်ထက်တဲ့အရာနဲ့ အကိုက်ခံရသလို နာကျင်မှု့ကို ပထမ ခံစားလိုက်ရတယ်။
သူအတွက် နောက်ထပ် သေမင်းတမန် ရန်သူ တစ်ကောင်နှင့် ကံမကောင်းစွာ ထပ်မံဆုံတွေ့ဆုံရပြီဆိုတာ သူသိလိုက်တယ်။ Sianene က မိကျောင်း၏ တိုက်ခိုက်ခြင်းကို ခံရကြောင်း သိတာနဲ့ ရုန်းထွက်ရန် ကြိုးပမ်းရာတွင် လက်ကိုလည်း ထပ်မံ အကိုက်ခဲ့ရသည်။
ဒါပေမယ့် သူဟာ လက်မလျှော့ခဲ့ပါဘူး။ မိကျောင်း၏ ပါးစပ်ကို ရှိသမျှအားနဲ့ အသကုန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒေသခံများက ၎င်း၏အော်ဟစ်သံကို ကြားသဖြင့် လာရောက်ကူညီပေးခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရပါတယ်။
Sianene ၏အစ်ကိုဖြစ်သူ Fanikiso Mkombwe က ဆိုးရွားသည့်ဖြစ်ရပ်အပြီးတွင် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်း၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း လက်တဖက်နှင့် ခြေထောတဖက် ဖြတ်တောက်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဇင်ဘာဘွေမှလူများက Sianene ၏ အသက်ရှင်ရန် ကြိုးစားခဲ့မှု့အပေါ်ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
မောင်မြင့် (သတင်းထူး/သတင်းဦးများ)
Be the first to comment