ကင်ဂျုံအန်းအစိုးရ၏ ယနေ့တွင် ပစ်လွတ်လိုက်သော လက်နက်စမ်းသပ်မှုသည် ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်း ပထမဆုံးအကြိမ် သတိပေးချက်မရှိဘဲ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ပစ်လွှတ်မှုသည် ယခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ၏ ၂၃ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည်များ အပါအဝင်ဖြစ်သည်။
အန္တရာယ်ရှိကြီးမားသည့်ထို စမ်းသတ်မှုသည် ယနေ့နံနက်အစောပိုင်းတွင် တာလတ်ပစ် ဒုံးကျည်ကို မြောက်ကိုရီးယား အလယ်ပိုင်း တရုတ်နယ်စပ်အနီး Mupyong-ri မှ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၃ မိနစ်ခန့်တွင် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ၏ ပြောကြားချက်အရ သိရသည်။
ပစ်လွှတ်မှုသည် ဂျပန်နိုင်ငံ၏ တိုဟိုကူဒေသ၏ ပင်မကျွန်းစုရှိ ဟွန်ရှူးကျွန်းပေါ်မှ အမြင့်ဆုံး အမြင့်ပေ ၁,၀၀၀ ကီလိုမီတာ (၆၂၁ မိုင်)၊ ခန့်မှန်းခြေအားဖြင့် 4,600 ကီလိုမီတာ (2,858 မိုင်) မိနစ် ၂၀ ခန့် ပျံသန်းခဲ့ပြီး ဂျပန်နိုင်ငံနိုင်ငံ၏ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၀၀၀ (၁,၈၆၄ မိုင်) ခန့်အကွာ ပစိဖိတ်သမုဒ္ဒရာသို့ကျရောက်ခဲ့ကြောင်း ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါပစ်လွှတ်မှုသည် အမေရိကန်နှင့် ၎င်း၏ဒေသတွင်းမဟာမိတ်များကြား ပြန်လည်ပြင်ဆင်ထားသော စစ်ရေးလေ့ကျင့်မှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ယင်းပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယား၏ မကြာသေးမီက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုမှာ ဒေါသထွက်ဖွယ်ဖြစ်ကြောင်း ၎င်း၏တရားဝင်နေအိမ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်ရုံးမှ လွှင့်တင်ထားသည့် တွစ်တာတွင် နေထိုင်သူများအား အဆောက်အအုံများတွင် ခိုလှုံနေထိုင်ရန် တိုက်တွန်းထားပြီး “သံသယဖြစ်ဖွယ်တစ်စုံတစ်ရာ တွေ့ရှိပါက မတို့ မထိ မချဉ်းကပ်ရန်နှင့် ရဲ သို့မဟုတ် မီးသတ်ဌာနသို့ ချက်ချင်းဆက်သွယ်ရန်” တိုက်တွန်းထားသည်။
ဒုံးကျည်ကျရောက်ရာနေရာတွင် ထိခိုက်ပျက်စီးမှုများ မရရှိခဲ့သော်လည်း ဂျပန်အာဏာပိုင်များ၏ အဆိုအရ ရှားရှားပါးပါး အသုံးပြုသော J-alert အသုံးပြုခဲ့ရကြောင်းပြေားကြားခဲ့သည်။ J-alert သည် ဂျပန်နိုင်ငံရှိ အရေးပေါ်အခြေအနေများနှင့် ခြိမ်းခြောက်မှုများကို အများပြည်သူအား အသိပေးရန် ဒီဇိုင်းထုတ်ထားသည့် စနစ်တစ်ခုဖြစ်သည်။
ထိုသို့သောအရေးပေါ်အခြေအနေများတွင်၊ သတိပေးချက်များကို ဥသြသံများမှတစ်ဆင့်၊ ရပ်ရွာရေဒီယိုအသံလွှင့်ဌာနများနှင့် စမတ်ဖုန်းအသုံးပြုသူတစ်ဦးချင်းစီထံ ပေးပို့သည်။
ယနေ့ ဒေသစံတော်ချိန် နံနက် 7:30 နာရီတွင် Aomori စီရင်စု၊ Hokkaido နှင့် Tokyo’s Izu နှင့် Ogasawara ကျွန်းများရှိ ပြည်သူများအား J-alert သတိပေးချက်များ ပေးပို့ခဲ့ရကြောင်း ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
# ရေးသားသူ – မောင်မြင့် (သတင်းထူး/သတင်းဦးများ)
Be the first to comment