ဂန္တဝင်နည်းပြီး အာဆင်၀င်းဂါးပြောတဲ့ ဒီရာသီ မန်စီးတီးကို ယှဥ်ပြီး ဖလားလုနိုင်မယ့် တခုထဲသောအသင်း

ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးကတော့ အာတီတာ ရဲ့ အာဆင်နယ်ဟာ ဒီရာသီ EPL ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်း ရှိနေတဲ့ ဒုတိယ အကောင်းဆုံး အသင်းပါပဲ ၊ ဘာကြောင့်လဲ ဆိုတော့

တချို့သော အခြေအနေမျိုးတွေ ရောက်ရင် မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အပေါ်အဓိက အာရုံစိုက်ပြီး ကစားမှာ မလို့ပါပဲ ၊ ကျနော်ကတော့ အဲ့လိုပဲ ထင်မိပါတယ် ၊ လီဗာပူးလ် အခြေအနေ ဘယ်လို ရှိလာမလဲ မသိပေမယ့် လက်တလောမှာတော့ သူတို့ဟာ အဆင့်(1)နေရာ နဲ့ (11)မှတ်ကွာ အခြေအနေကို ရောက်နေပါပြီ ၊ မန်စီးတီး နဲ့ (10)မှတ်ကွာ အနေအထား ဆိုတာဟာ လိုက်မှီဖို့ အရမ်း ခက်သွားပါပြီ

ချဲလ်ဆီး အသင်းကတော့ လက်တလော အခြေအနေမှာ ခြေစွမ်းပိုင်းအရ တည်ငြိမ်မှု မရှိသေးပါဘူး ၊ သူတို့ အနေနဲ့ အမှတ်ပေးဖလားကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် လုံလောက်တဲ့ ယုံကြည်မှုမျိုးကို ရှာမတွေ့သေးဘူးလို့ ကျနော် ထင်ပါတယ် ၊ တော့တင်ဟမ်ဟော့စပါးစ်လား ၊

ကျနော့်ရဲ့ DNA အရ ဒီအသင်း နဲ့ ပတ်သတ်ပြီး ခန့်မှန်းမှု မလုပ်ပေးနိုင်ဘူးဗျာ ” ၊ အာဆင်နယ် အနေနဲ့ စစ်မှန်တဲ့ Title Contender ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဖြေကြားပေးသွားရတော့မှာပါ ၊ သူတို့ဟာ ယာဂင်ကလော့ရဲ့ လီဗာပူးလ် ကို အမ်းမရိတ်မှာ လက်ခံရင်ဆိုင် သွားရမှာပါ

Be the first to comment

Leave a comment

Your email address will not be published.


*