လီဗာပူးလ်သည် ယခုရာသီတွင် သုံးပွဲသာအနိုင်ရထားပြီး စနေနေ့က ဘရိုက်တန်နှင့် ၃-၃ သရေကျပြီးနောက် အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးတို့ တိုက်စစ်ပိုင်းထက်မြတ်အောင် နောက်တန်းက ကူညီပေးနိုင်တဲ့အထိ ကောင်းမွန်ခဲ့သော်လည်း ဒီရာသီမှာလီဗာပူးတို့ ဂိုးပေါက်ပွင့်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ပေးဂိုးမရှိတဲ့ပွဲအရေတွက်ဟာ နှစ်ကြိမ်သာ ထားရှိခဲ့ပါတယ်။
လီဗာပူးလ်အသင်းသည် ယခုနှစ်ရာသီတွင် ဂိုးများစွာကို ပေးဆောင်ခဲ့ရတာနဲ့ပတ်သက်ပြီး အရင်အခြေနေကို ပြန်လည်ရရှိရန် လိုအပ်ကြောင်း ကလော့ပ်က ပြောကြားခဲ့သည်။
“ကျနော်တို့ သုံးခဲ့တဲ့နည်းဟာ အချိန်အတော်ကြာအောင် ကျွန်တော်တို့အတွက် ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်တာ့တဲ့အခါ အခြေခံကစပြီး သုံးသပ်ဖို့လိုကြောင်း သိလာရပါတယ်… ဒါပေမယ့် ကျွန်တော်တို့ အမြဲတမ်းအသစ်က ပြန်စလို့မရပါဘူး။ မတူကွဲပြားတဲ့ ခုခံကာကွယ်နည်းတွေနဲ့ လုပ်ရမှာပေါ့။
မင်း ပြဿနာတစ်ခုကို တွေ့နေရတယ်၊ မင်းမှာ အဖြေရှိတယ်လို့ ထင်တဲ့အခါ၊ အဖြေက ချက်ချင်းဆိုသလို ကောင်းကောင်းအလုပ်ဖြစ်နိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်၊ ဘောလုံးမှာ ဒီလိုမျိုး ဘယ်တော့မှ မဖြစ်ပါဘူး” ဟု ကလော့ပ် က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လီဗာပူးလ်အသင်းမန်နေဂျာ ကလော့ပ်က ၎င်း၏အသင်းမှာ ယုံကြည်မှု အကျပ်အတည်းကာလကို ဖြတ်သန်းနေရကြောင်းကို ခရစ်စတီယာနို ရော်နယ်ဒို နှင့် လီယွန်နယ်မက်ဆီတို့၏ ရုန်းကန်ခဲ့ရမှုများနှင့် နှိုင်းယှဉ် ပြောဆိုခဲ့ပါသေးတယ်။
“အခုအချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ယုံကြည်မှုရဲ့ ထိပ်တန်းမှာ ရှိနေတယ်လို့ မင်းထင်သလား။ လီယွန်နယ်မက်ဆီ ပြီးခဲ့တဲ့ရာသီက PSG မှာလည်း အလားတူပါပဲ” ဟု ကလော့ပ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ဆက်လက်ပြီး မိမိတို့အသင်းအနေဖြင့်
“လမ်းကြောင်းမှန်ပေါ်ကို ခြေတစ်လှမ်းချရမှာဖြစ်ပြီး အဆင်သင့်ဖြစ်ပြီဆိုရင် ပြန်လာမှာပါ… မှန်ကန်တဲ့အရာကိုလုပ်ဖို့ နောက်တစ်ကြိမ် စိတ်ရှည်ရမယ်၊ ပြီးရင် ကျွန်တော်တို့ ပြန်ကောင်းလာမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်ခင်ဗျာ။
Be the first to comment