ရိုနယ်ဒိုကို မန်စီးတီးနဲ့ပွဲမှာ မသုံးခဲ့ရတဲ့နောက်ကွယ်က အကြောင်းရင်းကို ပြောလာတဲ့ တန်ဟက်
Super Sunday မှာပြုလုပ်ခဲ့တဲ့ မန်စီးတီး မန်ယူ ဒါဘီပွဲဟာ ၆ – ၃ ဂိုးနဲ့ပြီးဆုံးခဲ့ပါတယ်။ အိမ်ရှင် မန်စီးတီးအသင်းဟာ ပထမပိုင်းမှာတင် ဖိုရမ် ၊ ဟာလန်းတို့ဂိုးတွေနဲ့ ၄ ဂိုးပျက် ဦးဆောင်နေခဲ့တာပါ။
ပထမပိုင်း ဖယိုဖရဲ ဖြစ်နေတဲ့မန်ယူအသင်းဟာ ဒုတိယပိုင်းမှာ နည်းပြတန်ဟက်ရဲ့ လူစားလဲမှု့တွေနဲ့အတူ အနည်းငယ် ပြန်လည်သက်၀င်လာခဲ့ပါတယ်။
နည်းပြတန်ဟက်ဟာ ဒုတိယပိုင်းမှာ လုရှော၊ လင်ဒီလော့ ၊ ကက်စမဲရိုး ၊ ဖရက် ၊ မာရှယ် တို့ကို ထည့်သွင်းပြီး ကစားခဲ့သော်လဲ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆု ၅ ကြိမ်ရရှိထားတဲ့ အသက် ၃၇ နှစ်အရွယ် ၀ါရင့်တိုက်စစ်မှုး ရိုနယ်ဒိုတော့ ချန်လှပ်ထားခဲ့ပါတယ်။
မန်ယူနည်းပြ တန်ဟက်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ” ကျနော် ရိုနယ်ဒိုကို မလေးစားတဲ့အပြုမူနဲ့ ချန်လှပ်ထားခဲ့တာမဟုတ်ပါဘူး
နောက်တစ်ခုကတော့ ဒဏ်ရာက သက်သာလာတဲ့ မာရှယ်ဟာ ပွဲကစားဖို့မိနစ်တွေလိုအပ်ပါတယ် ဒါကြောင့် ရိုနယ်ဒိုအစား မာရှယ်ကိုပဲ သုံးခဲ့တာပါ” လို့ပြောဆိုးခဲ့ပါတယ်။
လူစား၀င် မာရှယ်ဟာ ဒီပွဲမှာ ၂ဂိုးသွင်းပေးခဲ့ပြီး တန်ဟက်ရဲ့ စိတ်ကူးမှန်ခဲ့တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။
မန်ယူရှုံးပွဲနဲ့ပတ်သက်ပြီး ဂန္တ၀င် နောက်တန်းကစားသမား ရီရိုဖာဒီနန်ကတော့ ” ဒီရှုံးပွဲကရာနှုန်းပြည့်ထိုက်တန်မှုရှိပါတယ် အဆိုးထဲက ကောင်းတာတစ်ခုတော့ရှိခဲ့တယ် ကျွန်တော်တို့သုံးဂိုး ပြန်သွင်းနိုင်ခဲ့တယ်လေ အမှန်တိုင်းပြောရရင် ပထမပိုင်းသွားတဲ့အချိန်မှာ စိတ်ဓာတ်လုံးဝကျသွားခဲ့တယ်
ဒုတိယပိုင်းမှာရော်နယ်ဒိုကိုမထည့်ပါစေနဲ့ ကျွန်တော်ဘယ်နှစ်ကြိမ်မှန်းမသိအောင် ပါးစပ်ကရေရွတ်မိတာအခါခါပါပဲ ရော်နယ်ဒိုဝင်ကစားရင် သူတို့ဒီရှုံးပွဲကို ရော်နယ်ဒိုကြောင့်ဖြစ်တာလို့ ပြောကြမှာလေ သူမကစားရတာတော်သေးတာပေါ့ဗျာ
TV မှာကြည့်နေတာတောင် ထိုင်နေတဲ့ကစားသမားကို ဆယ်ခါလောက် ကင်မရာရိုက်ပြနေတာတွေက အင်မတန်ကို ဒေါသထွက်စရာပါ အရှုံးကိုသင်ခန်းစာယူပြီး အကောင်းဆုံးပြန်ကစားကြပါလို့ပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်ဗျာ။
Be the first to comment