Super Sunday မှာ ကစားခဲ့ကြတဲ့ မန်စီးတီးနှင့် မန်ယူပွဲအပြီးမှာ အိမ်ရှင် မန်စီးတီးက ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီး မန်ယူနည်းပြ အဲရစ်တန်ဟတ် က သူ့ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ မန်စီးတီးကို ရှုံးခဲ့တဲ့ အဓိကအချက်ကို BBC နဲ့ တွေ့ဆုံမှု့မှာ ပြောကြားခဲ့ပါတယ်
တန်ဟက်က BBC ကိုပြောကြားရာမှာ သူ့ရဲ့အသင်းဟာ ပထမပိုင်းမှာ “ယုံကြည်ချက်နဲ့ ရဲရင့်မှု ကင်းမဲ့ခဲ့ ပြီး စည်းကမ်းမလိုက်နာတာကြောင့် ရှုံးခဲ့ရတာလို့ ပြောပါတယ်။တန်ဟက်က ဆက်လက်ပြီး “ဒါဟာ ရိုးရှင်းပါတယ်၊
ယုံကြည်ချက် ကင်းမဲ့နေတာကြောင့်ပါ။ ကွင်းထဲမှာ ယုံကြည်မှုမရှိတဲ့အခါ ပွဲတွေကို အနိုင်ယူလို့မရဘူး၊ ဒါက လက်ခံနိုင်စရာမရှိပါဘူး။ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ စည်းကမ်းမဲ့စွာ ကစားရင်တော့ အရိုက်ခံရမှာပါပဲ၊
အဲဒါက ဒီနေ့ဖြစ်သွားတာပါ။ ကျွန်တော့်အတွက်ကတော့ အံ့သြစရာပါပဲ။ ကျွန်တော်တို့အသင်းက ရှေ့တန်းမှာခြေမပေါ်ဘူး၊ ပြီးတော့ ဘောလုံးကိုင်ဖို့ သတ္တိမရှိဘူး၊ ကစားဖို့နေရာလွတ်တွေရှိပေမယ့် သတ္တိမရှိကြဘူး။”
“မန်စီးတီးတို့ အနိုင်ရတာဟာ သူတို့ အရမ်းကောင်းလွန်းလို့မဟုတ်ပဲ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုက မကောင်းတာပါ။ တစ်ဦးချင်းအနေနဲ့ရော အသင်းအဖွဲ့တစ်ခုအနေနဲ့ရော မကောင်းတာပါ။ဒါက ယုံကြည်ချက်နဲ့ သက်ဆိုင်ပါတယ်”
“ပထမပိုင်းအပြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မတူညီတဲ့ ပုံစံ ကို မြင်တွေ့ ခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး နောက်ထပ် ဖန်တီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘောလုံးမှာ ကျွန်တော်တို့ ပိုရဲရင့်လာတယ်၊ ပြိုင်ဘက်ရဲ့ တစ်ဝက်လောက်ကို ရောက်ပြီး သုံးဂိုး သွင်းနိုင်ခဲ့တယ်။”
“ဒါပေမယ့် ရလဒ်ဟာ ကျွန်တော်တို့ ပရိသတ်တွေကို စိတ်ပျက်စေတယ်၊ ကိုယ့်ကိုယ်ကိုလည်း အရမ်းစိတ်ပျက်သွားပါတယ်။”လို့ BBC နဲ့ တွေ့ဆုံမှု့မှာ ပြောကြားခဲ့ပါတယ်။
မန်ယူရှုံးပွဲနှင့်ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုလဲ ကွန့်မန့်မှာရေးခဲ့ကြပါအုံးဗျာ။
Be the first to comment