လူ့အသက်ပေါင်း ၁၂၉ယောက် စတေးခဲ့ရတဲ့ အကျည်းတန် အရုပ်ဆိုး ဘောလုံးတစ်ပွဲ

ယမန်နေ့ညက အင်ဒိုနီးရှား လီဂါ-၁ ပွဲစဉ်တစ်ခုဖြစ်တဲ့ အိမ်ရှင်အရီမာနဲ့ ဧည့်သည်အသင်း ပါစီဘာယာတို့ ယှဉ်ပြိုင်ကစားကြပါတယ်

ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းက ၃ဂိုး-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရိတ်သတ်တွေဟာ ပေါက်ကွဲပြီး ကွင်းထဲဝင်လာတာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ

ထိုဖြစ်စ်ဥကြောင့် ကွင်းအတွင်းမှာရော ဆေးရုံမှာပါ အနည်းဆုံး ၁၂၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူဦးရေ ၁၈၀ ၀န်းကျင် ရှိခဲ့ပါတယ်။ ဒါဟာ အင်ဒိုနီးရှားဘောလုံးလောကရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

ဒီလိုမျိုးအကျည်းတန်ဖြစ်ရပ်ဖြစ်ခဲ့တာကြောင့် အင်ဒိုနီးရှားလိဂ်တွေကို ၁ ပတ်ခန့်ရွှေ့ဆိုင်းလိုက်ပြီး အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာလည်း FIFA ရဲ့အပြင်းထန်ဆုံးပြစ်ဒဏ်ချမှတ်မှုကိုခံရဖွယ်ရှိပါတယ်။

(စီနီယာအသင်းအပါအဝင်အသင်းတွေကို ပြိုင်ပွဲကထုတ်ပယ်တာသို့ ယူ၂၀ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်မှပယ်ဖျက်တာမျိုးတို့ဖြစ်ပါတယ်။)

Be the first to comment

Leave a comment

Your email address will not be published.


*