လူဆိုးဂိုဏ်တစ်ခုနှင့် ပတ်သက်နေသည့် စတီဗင်ဂျရက်၏ သမီး

စတီဗင်ဂျရတ်၏သမီး လီလီသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ရာဇ၀တ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်နေသည့် လူဆိုးတစ်ဦး၏သားနှင့် ချစ်သူဖြစ်နေခဲ့ပါတယ်။

ဂျရက်၏သမီး လီလီ 18နှစ်နှင့် လီဘန်း 23နှစ်တို့သည် April လဝန်းကျင်ကတည်းက စတွေ့ခဲ့တာဖြစ်ပါတယ်။

၎င်းတို့စုံတွဲသည် ယခုနှစ်နွေရာသီတွင် Ibiza တွင် နေပူခံအားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပြီး သူငယ်ချင်းများနှင့် အတူရှိနေကြသည့် ဓာတ်ပုံများကို အွန်လိုင်းတွင် မျှဝေခဲ့ကြပါတယ်။ ထိုထဲတွင် လီဘန်း မှ ခေါင်းကို နမ်းနေသည့်ပုံများပါ၀င်ခဲ့သည်။

Instagram တွင် Follower 200,000 နီးပါးရှိသော လီလီ သည် ပြီးခဲ့သောအပတ်က ခရီးတစ်ခုမှ ဗြိတိန်သို့ နေအိမ်သို့ ပြန်လာစဉ် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် လီဘန် နှင့်အတူရှိနေတဲ့ ပုံတစ်ပုံကို တင်ထားပါသေးတယ်။

လီလီ၏ ကောင်လေးမှာ ရာဇ၀တ်ဂိုဏ်း သို့မဟုတ် ရာဇ၀တ်မှု တစ်ခုခုနှင့် ပတ်သက်သည် ဟု အထောက်ထား မတွေ့ရှိသေးပါ။

လီလီ ၏ ဖခင် Liverpool ကစားသမားဟောင်း ဂျရက် နှင့် လီလီရည်းစား၏ ဖခင် Byrne Snr တို့ဟာ ပြီးခဲ့တဲ့အပတ်က video call ပြောနေတဲ့ပုံတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။

Byrne Snr သည် ယူကေတွင် သတ်ဖြတ်မှုများ၊ ငွေကြေးခဝါချမှုနှင့် ပေါင်သန်းပေါင်းများစွာ မူးယစ်မှောင်ခိုမှု ရာကက်များနှင့် ဆက်စပ်နေသည့် အိုင်ယာလန်စီးပွားရေးလုပ်ငန်းရှင် Daniel Kinahan ၏ အနီးကပ်တွဲဖက်တစ်ဦးဖြစ်သည်။

Byrne Snr သည် Kinahan ဂိုဏ်းနှင့် ချိတ်ဆက်မှုများသည် 2018 ခုနှစ်တွင် အိုင်ယာလန်၏ အထက်တရားရုံးတွင် ပေါ်ပေါက်လာသည့် ရာဇ၀တ်ဂိုဏ်းများ၏ “ထိပ်တန်းအဆင့်” တွင် ရှိနေသည်ဟု ဆိုထားသည်။

Byrne သည် Kinahan ၏ “အနီးကပ်ယုံကြည်ရသောတွဲဖက်နှင့် လက်ထောက်” ဟုတရားရုံးရှေ့နေများကပြောကြားခဲ့သည်။

ယခုအတိုင်းသာဆိုလျှင် ကျနော်တို့ အိုင်ဒေါကြီး ဂျရက်တစ်ယောက် လူဆိုးဂိုင်းတခုကလူနှင့် ခမည်းခမက် တော်ရတော့မယ်ထင်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*