မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးရဲ့ ဟာလန်းကို ထိန်းချုပ်နိုင်ရင် ယူနိုက်တက်တို့ အနိုင်ရဖို့ရာ အခွင့်အရေးကောင်း ရှိနေပါတယ်လို့ ဝိန်းရွန်းနီက ပြောဆိုလိုက်ပါတယ်။ သြဂုတ်လတုန်းက ဘရန့်န်ဖိုဒ့်ကို ၄-၀ နဲ့ အရေးနိမ့်ပြီးကတည်းက ရှုံးပွဲ မရှိထားတဲ့ ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ မန်စီးတီးတို့ရဲ့ အီးသီဟဒ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာပါ။
ဂွာဒီယိုလာရဲ့ အသင်းဟာလည်း ဒီရာသီမှာ ရှုံးပွဲ မရှိသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ် ဖြစ်ပါတယ်။ ဟာလန်းဟာလည်း ဒီရာသီ စီးတီးအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးထိ ရထားသူဖြစ်တယ်။ အဲ့ထဲက ၁၁ ဂိုးကို ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာပါ။
ဝိန်းရွန်းနီက ‘ စီးတီးက ဟာလန်းကို သူတို့ရဲ့ တိုက်စစ်မှာ အဓိကထည့်သွင်းခဲ့သလို ဧရိယာအတွင်းကိုလဲ ဘောလုံးတွေ အတော်များများ ထည့်ပေးနေပါတယ်။ တန်ဟက်က သူ့ရဲ့ အစွန်လူတွေနဲ့ တောင်ပံသမားတွေကို ဖြတ်တင်ဘောတွေ တားဆီးဖို့ မှားထားမယ်ဆိုတာ သေချာပါတယ်။ ဖြတ်တင်ဘောတွေကို တားဆီးခြင်းကပဲ ပွဲရဲ့ အနိုင် အရှုံးကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
အကယ်လို့ ယူနိုက်တက်က ဟာလန်းကို ကစားပွဲထဲ မရှိအောင် လုပ်နိုင်မယ်ဆိုရင် သူတို့မှာ အခွင့်အရေးကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြောသလောက် လက်တွေ့လုပ်ဖို့တော့ ခက်ခဲပါတယ်။ ယူနိုက်တက်က ဒီဘရိုင်းကို ရပ်တန့်ရဦးမှာဖြစ်တယ်။ နောက်ပြီး ဒီပွဲမှာ ခြိမ်းခြောက်နိုင်တဲ့ မာရက်ဇ်ကလည်း ရှိနေပါသေးတယ်။ ဂွာဒီယိုလာက မာရက်ဇ်ကို ပွဲထုတ်နိုင်ပါတယ်။ ယူနိုက်တက်ရဲ့ ဘယ်ခြမ်းမှာ ဘယ်ခြေအားသန် မာလာရီရာရှိနေပါတယ်။ ဒီတော့ ဂွာဒီယိုလာက ညာခြမ်းမှာ မာရက်ဇ်ကို ထုတ်သုံးပြီး အတွင်းထဲကို ဝင်ကစားစေမှာပါ။
မာလာစီရာကို မာရက်စ်ရဲ့ ညာခြေတွေနဲ့ ဒုက္ခပေးပါလိမ့်မယ်။
ဂွာဒီယိုလာကို ကျနော်ရဲ့ အထင်ကြီးမှုအကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ သူက အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်လို့ ထင်မိပါတယ် ’ ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရွန်းနေက ဟာလန်းကို စိုးရိမ်နေပေမယ့် မန်ယူရဲ့ ဟက်ကတုံးကတော့ အခုလိုပြောထားပါတယ်” ဟာလန်းကိုဘယ်လိုထိန်းမလဲဆိုတာလား?
ကျွန်တော်တို့ကဟာလန်းနဲ့ကစားမှာမဟုတ်ဘူးဗျ။ မန်စီးတီးနဲ့ကစားမှာ။
ကျွန်တော်တို့အနေနဲ့ပြိုင်ဖက်တွေကိုအနိုင်ယူချင်ရင်ပုံစံကောင်းတွေပြဖို့လိုတယ်။ အဓိက ကတော့အသင်းလိုက်ကစားပုံကောင်းတယ်ဆိုရင်ဘယ်အသင်းမျိုးမဆိုအနိုင်ယူလို့ရတယ်လေ။ ကစားသမားတွေဆီမှာလည်းဒီလိုစိတ်မျိုးသွင်းထားဖို့လိုတယ်။ အထူးသဖြင့်ဒါဘီလိုပွဲမျိုးမှာပေါ့” 🗣️-အဲရစ်တန်ဟတ်
စာဖတ်သူတို့လဲ ထင်မြင်ယူဆချက်လေးတွေကို ကွန့်မန့်မှာရေးသွားပါအုံးနော်။
Be the first to comment