ဒုတိယပိုင်းမှာ ၃ ဂိုးသွင်းနိုင်ပေမယ့် ဟာလန်း နှင့် ဖိုရမ် ရဲ့ ခန်းနားမှု့အောက်မှာ ကျရှုံးခဲ့ရတဲ့ မန်ယူ

မန်ချက်စတာဒါဘီပွဲကမှာတော့ စီးတီးက ယူနိုက်တက်ကို သာသာယာယာ သက်တောင့်သက်သာပဲ ကစားပြီး (၆ – ၃) ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။

သရဲနီတို့အနေနဲ့ အိမ်နီးချင်းပြိုင်ဘက်ကို အဘက်ဘက်က လုံးဝမယှဉ်နိုင်ခဲ့ပဲ ဒူးထောက် အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် (၃) ပွဲဆက်တွေ့ဆုံမှုမှာ ဆက်တိုက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပွဲအစကတည်းက ဖိကစားခဲ့ပြီး ယူနိုက်တက်ခံစစ်နဲ့ ဂိုးသမားကို အနားမပေးခဲ့တာလည်းဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ (၆၄) မိနစ်မှာ ဟက်ထရစ်သွင်းယူခဲ့ပြန်ပါတယ်။

ဒါဟာ သူ့အတွက် အိမ်ကွင်း သုံးပွဲဆက် ဟက်ထရစ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်အတွက်နောက်ထပ်နှစ်သိမ့်ဂိုးကိုတော့ ဖရက်ဒ်ကန်သွင်းမှုလျှံလာရာကနေ လူစားဝင်လာတဲ့ မာရှယ်ကခေါင်းတိုက်ခဲ့တာပါ။

ပွဲပြီးခါနီးမှာ ယူနိုက်တက်တို့အရှက်ပြေ ပင််နယ်တီထပ်ရခဲ့ပြီး မာရှယ်က ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*