တန်ဟက်ကို နည်းပြရာထူးမြဲအောင်လုပ်ထားဖို့ စကားဆိုလာတဲ့ မန်စီးတီးနည်းပြ ဂွာတီယိုလာ

မန်ယူနဲ့ မန်စီးတီးတို့ဟာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်အသင်းတွေပဲဖြစ်ပါတယ်။ ယနေ့ညနေ ၇ နာရီမှာ ကစားမယ့် ဒါဘီပြိုင်ပွဲဟာ ကွင်းထဲ ကစားသမားများ ပြိုင်ဆိုင်မှု ပရိတ်သတ်များ ပြိုင်ဆိုင်မှု့ အပြင် နည်းပြချင်းပြိုင်ဆိုင်မှု့တွေလဲ ရှိလာပါတယ်။

မန်စီးတီးရဲ့ နည်းပြပတ်ကတုံးဟာ မန်ယူနည်းပြ ဟက်ကတုံးကို နည်းပြရာထူး ခိုင်အောင်လုပ်ထားဖို့ သတိပေးလိုက်ပါတယ်။ မန်ယူနည်းပြဟာ ဒီရာသီ အသင်းကြီးတွေနဲ့ တွေ့ဆုံမှု့မှာ ပွဲတိုင်း အနိုင်ရထားတာလဲဖြစ်ပါတယ်

ဒါပေမယ့် မန်စီးတီးရဲ့ ပတ်ကတုံးကတော့ “အဲရစ်တန်းဟက်ဂ်အနေနဲ့ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပွဲကြီးတွေမှာ နိုင်ပွဲတွေရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင် နည်းပြ ရာထူးကနေ အလျင်အမြန်စွန့်ခွာရနိုင်ကြောင်း” စကားစစ်ထိုးလိုက်တာပါ။

ဒါဘီ ၁၈၈ ကြိမ်မြောက်တွေ့ဆုံမှု့မှာ မန်စီးတီးနည်းပြက “ သူ့အနေနဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန် အနိုင်မရဘူးဆိုရင် အချိန်ပေးခံရမှာ မဟုတ်ပါဘူး ဒါ့ကို တန်းဟက်ဂ်သိပါတယ် အားလုံးလည်း သိပါတယ်

နည်းပြ တစ်ယောက်ရဲ့ အနာဂတ်ဟာ ပွဲစဉ် အနိုင်အရှုံးတွေပေါ်မှာ မူတည်ပါတယ် ကျနော် မန်စီးတီးမှာ အခုရှိနေတယ်ဆိုတာက ကန်ခဲ့တဲ့ပွဲကြီးတွေမှာ နိုင်ခဲ့လို့ပါပဲ မဟုတ်ရင်တော့ ဒီမှာ ဆက်ရှိနေမှာ မဟုတ်ပါဘူး တန်းဟက်ဂ်မတိုင်ခင် ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေလည်း သိပါတယ် အနိုင်မရဘူးဆိုရင် ဒုက္ခရောက်ပြီသာ မှတ်ပေတော့”လို့ ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ပတ်ကတုံးရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ သဘောထားအမြင်လေးတွေကိုလဲ ကွန့်မန့်မှာ ရေးခဲ့ကြပါအုံးဗျာ။

Be the first to comment

Leave a comment

Your email address will not be published.


*