ကြေကွဲစရာကောင်းတဲ့ ယူရိုသန်း (၁၀၀) တန်ရဲ့ ငယ်ဘဝခါးသီးမှု့များ

မဂ်လာပါ စာဖတ်သူတို့ရေ ဒီနေ့မှာတော့ မန်ယူ ယူရိုသန်း ၁၀၀ တန် ကစားသမား အန်တိုနီရဲ့ ငယ်ဘ၀အကြောင်းလေးကို ဖေည်ပြပေးသွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီဟာ ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အေဂျက်စ်အသင်းကနေ မန်ယူအသင်းထံသို့ ယူရိုသန်း (၁၀၀) နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိပြီး ဝေဖန်သူတွေထဲမှာ ဒတ်ချ်ဂန္ထဝင် ဗန်ဘက်စတန်တို့လို ထိပ်တန်းကစားသမားတွေတောင် ပါဝင်နေတာပါ။ အန်တိုနီအနေနဲ့ ယူရိုသန်း (၁၀၀) တန်တယ်၊ မတန်ဘူးဆိုတာ ကွင်းအတွင်း အဖြေပေးပါလိမ့်မယ်။ ဒီမှာတော့ အန်တိုနီရဲ့ ငယ်ဘဝအကြောင်းကို သိခွင့်ရမှာပါ

ဘရာဇီးလ်မှာ ဘောလုံးက နိုင်ငံရဲ့ အဓိက ပြည်ပထုတ်ကုန်ပြီး အဲဒီလိုအဖိုးတန် ထုတ်ကုန်ဖြစ်အောင် ဘယ်လောက် ကြိုးစားခဲ့ရတယ်။ သူ ငယ်ငယ်က ဘယ်လောက် ဆင်းရဲခဲ့တယ်ဆိုတာကို အန်တိုနီက အခုလို ပြောပါတယ်။ “ကျွန်တော် အသက် (၁၆) နှစ်တုန်းက

လေ့ကျင့်ရေးပြီးတော့ လမ်းပေါ်မှာ ရပ်ပြီး တွေ့တဲ့လူတိုင်းကို ကျွန်တော့်ကို တစ်ခုခု ဝယ်ကျွေးဖို့၊ စားစရာတစ်ခုခု ဝယ်ပေးဖို့ တောင်းဆိုလေ့ရှိတယ်။ တချို့လူတွေက ကျွန်တော့်ကို ကူညီကြတယ်။ တချို့ကတော့ ကျွန်တော့်ကို ဆဲသွားကြတယ်။

ဘဝက မလွယ်ပါဘူး။ ကျွန်တော် အဆဲရချိန်မှာတောင်၊ ကျွန်တော် အနှိမ်ခံရချိန်မှာတော့ ကျွန်တော် ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး”လို့ အန်တိုနီက ဆိုပါတယ်။ ဆက်ပြီးတော့လည်း အန်တိုနီက

“ဘောလုံးကစားဖို့ ကျွန်တော့်မှာ ဖိနပ်တွေ မရှိပါဘူး။ ကျွန်တော့်မှာ တစ်ယောက်တည်း သီးသန့်အိပ်ရတဲ့ အိပ်ခန်းမရှိဘူး။ ဆိုဖာပေါ်မှာပဲ ကျွန်တော် အိပ်တယ်။ ကျူးကျော်ရပ်ကွက်မှာ ကျွန်တော် နေတယ်

“တစ်ခါတလေ ကျွန်တော်တို့ ဘဝအကြောင်းကို တွေးမိရင်း မောင်နှမတွေ၊ ညီအစ်ကိုတွေ အတူတူ ဖက်ပြီး ငိုကြွေးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်”လို့လည်း ဆိုပါတယ်။ အန်တိုနီရဲ့ ငယ်ဘဝမှာ အဓိက ရင်ဆိုင်ခဲ့ရတာက ဆာလောင်မွတ်သိပ်မှု ဖြစ်ပြီး အဲဒီတွေကို အံကြိတ်ခံရင်း သူဟာ ဒီနေရာအထိ တက်လှမ်းလာခဲ့တာပါ။

“ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့ရ၊ ကြုံတွေ့ရ အန်တိုနီလို မဆုတ်မနစ်ကြိုးစားရင် အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။ စာဖတ်သူတို့လဲ ဖြစ်ချင်တဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာဖို့ ကြိုးစားကြပါစို့ဗျာ

Be the first to comment

Leave a comment

Your email address will not be published.


*