မန်ယူ မန်စီးတီးဒါဘီပွဲမှာ ရော်နယ်ဒိုကို ဂိုးမသွင်းနိုင်အောင် အထူးအစီအစဥ်တွေ ပြုလုပ်ထားတယ်ဆိုတဲ့ ဂွာဒီဒိုလာ(ဒိုလေးကိုချုပ်လေ တန်းဟတ်ဂ်ကြီးက ကြိုက်လေဘဲ)
အသက် 37 နှစ်အရွယ် ကစားသမားဟာ ရာသီသစ်မှာ မကျေမနပ်ဖြစ်နေပြီးနောက် သူ့ရဲ့အခွင့်အရေးတွေကို စောင့်မျှော်နေခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုက သူဟာ ချန်ပီယံလိဂ်ကို ပြန်သွားချင်တယ်လို့ သတင်းတွေထွက်နေပြီး အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
တိုက်စစ်မှူး မားကပ်စ်ရှက်ဖို့ဒ်နဲ့ အန်တိုနီမာရှယ်တို့နှစ်ဦးစလုံးဟာ ယခုသီတင်းပတ်ကုန် အီတီဟတ်ကွင်းမှာ ကစားနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက “သူဟာ ပြီးခဲ့တဲ့ 15 နှစ်အတွင်းမှာ လီယွန်နယ် နဲ့အတူ အကြီးကျယ်ဆုံးသူတွေထဲက တစ်ယောက်ပါ။
သူတို့နှစ်ယောက် လုပ်ပြခဲ့တာတွေကို ငါတို့ ထပ်မြင်ရတော့မှာ မဟုတ်ဘူး။” “ဒီလိုအရာတွေကို မင်းအောင်မြင်ပြီးတဲ့အခါ မင်းဘဝရဲ့ စက္ကန့်တိုင်းနဲ့ ဒီနေ့၊ ဆိုရှယ်မီဒီယာနဲ့ ပိုလို့တောင် ဆန်းစစ်ကြည့်ပါ။ သူ့လို အဆုံးသတ် ကောင်းတဲ့ ကစားသမားတစ်ယောက်ကို ဒီနှစ်တွေမှာ မြင်ရတာ ဝမ်းသာစရာပါပဲ။ ဒါကို ကျွန်တော် ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။”
ပြီးခဲ့သည့်ရာသီက ထိပ်တိုက်တွေ့ဆုံမှုမတိုင်မီတွင် ဂွာဒီယိုလာက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဂိုးသွင်းရှင်တစ်ဦးကို ရပ်တန့်ရန် အထူးအစီအစဥ်တစ်ခု လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
“ကျွန်ုပ်တို့ရဲ့ ဘောက်စ်အနားမှာ ခရစ္စတီယာနို မရောက်အောင် ကျွန်ုပ်တို့ရှိသမျှအားနဲ့ တားဆီးရမှာပါ။ ဘာလို့လည်းဆိုတော့ အဲ့နားမှာဆို သူ့ကို ရပ်တန့်လို့မရနိုင်ပါဘူး။”
လို့ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကို ထိန်းချုပ်ရမယ်။ သူဟာ ဂိုးသွင်းစက်အဖြစ် သတ်မှတ်ခံထားရတဲ့ အကြီးကျယ်ဆုံးသူတွေထဲက တစ်ယောက်အဖြစ် အမြဲရှိနေမှာပါ။ သူက စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့ကစားသမားဘဝတစ်လျှောက် မျှော်လင့်ချက်တွေနဲ့ နေထိုင်ပြီး အမြဲတမ်းအပြုသဘောနဲ့ တုံ့ပြန်တဲ့အတွက် ပြဿနာမရှိဘဲ ဖိအားတွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။”
Be the first to comment