မန်စီးတီးနဲ့မန်ယူပွဲမှာ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ ခန့်မှန်းပြောပြခဲ့တဲ့ ပေါလ်မာဆင်(တစ်ခုဘဲ သူပြောရင် ပြောင်းပြန်ဖြစ်တာများတယ်😁)
ပရီးမီးယားလိဂ်ပွဲစဥ်၇ပြီးချိန်မှာ မန်စီးတီးက ၁၇မှတ်နဲ့ အဆင့် ၃နေရာမှာရပ်တည်နေပြီး မန်ယူအသင်းကတော့ ၁၅မှတ်နဲ့ အဆင့် ၅နေရာမှာရပ်တည်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ မန်ချက်စတာ စီးတီး ခံစားသွားအောင် လုပ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။
ဒါမျိုး အချိန်တွေ ကျနော်တို့ အများကြီး ကြုံဖူးပါတယ်။ ယူနိုက်တက်က ရလဒ်ကောင်း ရရင် ရ၊ မရရင် တစစီ ဖြိုခွဲ ခံလိုက်ရတာမျိုး။ ပွဲထဲမှာ သူတို့ ကြာကြာ လှုပ်ရှားနိုင်လေလေ အခွင့်အရေးတွေက ဖန်တီးနိုင်လေလေ ဖြစ်မှာပါ။စီးတီး ခံစစ်မှာ နေရာ လွတ်တွေ ရှိတတ်ပါတယ်၊
အဲရစ်ဆန် နဲ့ ဖာနန်ဒက်စ်တို့က ပြီးပြည့်စုံနဲ့ ပေးပို့မှုတွေ လုပ်ဖို့သာ လိုတာပါ။ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ဒီအပတ်မှာလည်း အရန်ခုံမှာ ရှိဖွယ်ပါ။ ယူနိုက်တက်က ဒီပွဲကို နိုင်ဖို့ ဆိုရင် အရှိန်နဲ့ ကောင်တာ ကစားမှ ရမှာပါ။
ရော်နယ်ဒိုက ပေါ်တူဂီနဲ့ ပွဲမှာ ရုန်းကန်နေခဲ့ရတယ်။ ဒီပွဲ သူ ပွဲထွက်ကနေ မပါလောက်ဘူး။ ပက် ဂွာဒီယိုလာကတော့ သူ့ ကစားသမားတွေကို ဟာလန်း ခေါင်းတိုက်ဖို့ချည်း ဘောလုံး ထောင့်ဖြတ် တင်ပေးဖို့ မှာနေမယ် မထင်ဘူး။ ဟာလန်းကလည်း ဘယ်ပြိုင်ဘက်ရယ်လို့ ခေါင်းထဲ ထည့်မယ့် သူမျိုး မဟုတ်ဘူး။ သူက ကြောက်ဖို့ကို ကောင်းနေတော့တာ။
မယုံနိုင်လောက်အောင် လျင်မြန်ပြီး ရွေ့လျားမှုတိုင်းက ရင်ခုန်စရာပဲ။မန်ချက်စတာ ယူနိုက်တက်ကတော့ ခံစစ်ပိတ်ပြီး ပြန်တိုက်ပါလိမ့်မယ်။ မားကပ် ရက်ဖို့ဒ်က ကောင်တာ စောင့်နေမှာပါ။ ဒီပွဲကနေ ရမှတ် တစ်ခုခု ရဖို့ ဆိုရင် ခံစစ်က မယုံနိုင်လောက်အောင် ကောင်းဖို့ လိုပါတယ်။
ဒါပေမယ့် မန်စီးတီးက ယူနိုက်တက်ကို မထိခိုက်စေဘဲ အိမ်ပြန်သွားမယ့် အသင်း မဟုတ်ပါဘူး။ ပက် ဂွာဒီယိုလာရဲ့ အသင်းက သူတို့ ကို ဖြိုခွဲသွားပါလိမ့်မယ်။ပေါလ်မာဆင်ကတော့ မန်စီးတီးအသင်း မန်ယူအသင်းကို ၃-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားလိမ့်မယ်လို့သိရပါတယ်။
Be the first to comment