မိဘ တွေဖြစ်စေတဲ့ အင်ဂျင်နီယာအလုပ်ကို စွန့်လွှတ်ပြီး အနုပညာသမားဘဝကို ရွေးချယ်ခဲ့ရတဲ့ နောက်ကွယ်ကအကြောင်း ရင်ဖွင့်လာတဲ့ မင်းသားချော ကျော်ထက်ဇော်

မိဘ တွေဖြစ်စေတဲ့ အင်ဂျင်နီယာအလုပ်ကို စွန့်လွှတ်ပြီး အနုပညာသမားဘဝကို ရွေးချယ်ခဲ့ရတဲ့ နောက်ကွယ်ကအကြောင်း ရင်ဖွင့်လာတဲ့ မင်းသားချော ကျော်ထက်ဇော်

မဂ်လာပါ ပရိသတ်ကြီးရေ မင်းသားချော ကျော်ထက်ဇော် ကတော့ အနုပညာကို ရူးသွပ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ စိတ်ရော ကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

မကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ ဒေါင်းယာဉ်ဘုံဘေးနား စာရေးလို့ ထားချင်တယ် ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာလည်း မျက်နှာများတဲ့ ကိုနိုင်လင်း အနေနဲ့ သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော ကျော်ထက်ဇော်ကမိဘဖြစ်စေချင်တဲ့အင်ဂျင်နီယာ အလုပ်ကိုစွန့်လွှတ်ပြီးအနုပညာသမားဘဝကိုရွေးချယ်ခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာတာလည်းဖြစ်ပါတယ်။ကျော်ထက်ဇော်ကမိဘတွေကအာမခံချက်ရှိတဲ့အသက်မွေးဝမ်း ကျောင်းပညာကိုသင်ယူစေချင်တယ်

မိဘတွေအနေနဲ့ ပညာရေးပိုင်းမှာအားနည်းခဲ့ပြီးဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့အတွက် ကျွန်တော့်ကိုပညာရေးမှာ ထူးချွန်စေပြီးသူတို့ငယ်ဘဝမှာမပြည့်စုံခဲ့တာကိုကျွန်တော်တို့ကိုဖြည့်ဆည်းပေးချင်တယ်

အဲ့အတွက်ကြောင့် တစ်ခါတလေ ကိုယ်ဖြစ်ချင်တာတွေကို ပြောမထွက်ခဲ့ဘူးအဲ့တော့မိဘမသိအောင် ကျောင်းတက်နေရင်းနဲ့ အနုပညာအလုပ်တွေကိုခိုးလုပ်ခဲ့ရတယ်

အဲ့လိုခိုးလုပ်တာကိုမိဘတွေအနေနဲ့ သိသွားတဲ့အချိန်မှာ အဖေ့ကခံနိုင်ရည်ရှိပေမယ့် အမေကတော့မိန်းမသား ဖြစ်တဲ့အခါကျတော့ ငိုတယ် တစ်ခါတလေကျတော့လည်းမိဘတွေနဲ့အတိုက်အခံလုပ်ပြီးအနုပညာအလုပ်ကိုလုပ်ခဲ့ရတယ်ဆိူပြီး ရင်ဖွင့်ထားတာဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*