ညီအစ်မတွေအလားထင်မှတ်ရအောင် မိခင်ကြီးနဲ့တူတူရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ အေးမြတ်သူ

ညီအစ်မတွေအလားထင်မှတ်ရအောင် မိခင်ကြီးနဲ့တူတူရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ အေးမြတ်သူ

ပရိသတ်ကြီးရေ အေးမြတ်သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ အေးမြတ်သူဟာကျရာဇာတ်ကားတွေမှာ ပီပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။

အေးမြတ်သူကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိခင်ကြီးနဲ့ အတူတူရိုက်ကူးထားခဲ့တဲ့ ပုံလေးတျွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။အေးမြတ်သူကတော့ လက်ရှိအချိန်အထိ အိမ်ထေင်မပြုသေးဘဲ အပျိုကြီးတစ်ယောက်အနေနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာလေးပဲဖြစ်ပါတယ်။

အေးမြတ်သူကတော့ ဒီနေ့မှာ မိခင်ကြီးရဲ့ ပုံလေးတွေကို မျှဝေရင်း “အသက်ရှူတိုင်း ချစ်ရတဲ့ မာမီ” ဆိုပြီးတော့လည်း မိခင်ကြီး အချစ်ပိုရအောင် ချွဲထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးကလည်း အေးမြတ်သူတို့သားအမိကို အားပေးချစ်ခင်ကြပါဦးလို့ ပြောချင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*