နိုင်ငဲကျော် မင်းသား ကြီး ပြေတီဦးရဲ့ ကြိုးစား အား ထုတ်ပုံတွေ ကိုပြောပြ လာ တဲ့ ကျော်ဝင်းထွဋ်

နိုင်ငဲကျော် မင်းသား ကြီး ပြေတီဦးရဲ့ ကြိုးစား အား ထုတ်ပုံတွေ ကိုပြောပြ လာ တဲ့ ကျော်ဝင်းထွဋ်

သရုပ်ဆောင်ကျော်ဝင်းထွဋ်ကတော့ ကာရိုက်တာတစ်ခုစီတိုင်းမှာ မတူညီတဲ့ အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူ ကျရာဇာတ်ကောင်နဲ့ ဇာတ်ကားတွေမှာ

အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။

အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ကျော်ဝင်းထွဋ်က နိုင်ငံ ကျော်မင်းသားကြီး ဖြစ်သွားတဲ့ သူငယ်ချင်းဖြစ်သူပြေတီဦးရဲ့ ကြိုးစားအားထုတ်ပုံတွေကို အခုလို ပြောပြလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ကျော်ဝင်းထွဋ်က တီတီ( ပြေတီဦး) နဲ့က ကြောင်ကမ္ဘာဗီဒီယိုထုတ်လုပ်ရေးမှာ စာချုပ်ချုပ်ပြီး အတူရိုက်ခဲ့တုန်းက ဆုံခဲ့တာပါ၊

သူကကျွန်တော်တို့ကို ညီအစ်ကိုလိုဆက်ဆံတယ်၊ အတူတွဲရိုက်တဲ့အချိန်မှာ ဒီဘဲက ငါတို့ထက် အနုပညာကိုပိုရူးသွပ်ပါလားဆိုတဲ့ စိတ်တစ်ခုကို အမြဲတမ်းခံစားရတယ်၊

ဇာတ်ကောင်တစ်ခုပေးလိုက်ရင် ကျွန်တော်တို့ကပေါ့ပေါ့လေးပဲ သဘောထားပေမယ့် သူကအရမ်းကိုခေါင်းထဲထည့်ပြီး ပြင်ဆင်တယ်။ဒါကြောင့်လည်း သူကကျွန်တော်တို့မမှီနိုင်တဲ့နေရာမျိုးကို ရောက်သွားတာပါ၊

သူ့ကိုပိုပြီး လေးစားသွားတာ ချစ်သွားတာက သူအကယ်ဒမီရတော့ စင်မြင့်ပေါ်မှာပြောခဲ့တဲ့ ကျေးဇူးတင်စကားတစ်ခွန်းကြောင့်ပါ၊သူကရွှေ ကျွန်တော်တိုက ကြေးဖြစ်နေတဲ့ အချိန်မှာ သူပြောခဲ့တာပါ ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်

Be the first to comment

Leave a comment

Your email address will not be published.


*