မိဘနှစ်ပါးနဲ့ အကိုဖြစ်သူအတွက် ရည်စူးပြီးဘုရားမှာရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့တဲ့ ဗီဗာဟိန်း
ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဗာဟိန်းကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူရယ် သားလေးရယ်နဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားခဲ့ပါတယ်။
မနေ့က စက်တင်ဘာလ (၂၇)ရက်နေ့မှာတော့ ဗီဗာဟိန်းက မိဘနှစ်ပါးနဲ့ အကိုဖြစ်သူအတွက် ရည်စူးပြီး ကောင်းမှုတွေပြုလုပ်ခဲ့ကြောင်း “ဒီနေ့မေကြီး၁နှစ်နဲ့၂လပြည့်မှာဖေကြီးမေကြီးနဲ့ကိုကြီးတို့အတွက်ရည်စူးပြီးဘုရားမှာရွှေသက်န်းပန်းရေချမ်းဆီမီးအမွှေးတိုင်ကပ်လှူပူဇော်ပြီးပုတီးစိပ်ပဠာန်းရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။
ဤကုသိုလ်၃၁ဘုံမှာကျင်လည် ကြကုန်သော ဝေနေယျသတ္တဝါ များအားလုံးနဲ့အတူတပည့်တော်မ၏ဖခင်မိခင်နဲ့အကိုဖြစ်သူတို့ထပ်တူထပ်မျှရကြပါစေကုသိုလ်အမျှအမျှအမျှယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု” ဆိုပြီး မိဘနှစ်ပါးအကိုဖြစ်သူတို့အတွက်
ပြုလုပ်တဲ့ကောင်းမှုတွေကို ပရိသတ်တွေလည်း ထပ်တူရရှိစေဖို့ ဝေငှထားခဲ့ပါသေးတယ်။ပရိသတ်ကြီးကလည်း ဗီဗာဟိန်းရဲ့ ကောင်းမှုအလှူတွေကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment