ချစ်သူလေးရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်း စကားလေးတွေ ဆုတောင်းပေးခဲ့တဲ့ ပိုးမီ
ပရိသတ်ကြီးရေ ပိုးမီကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုးမီကတော့ ဒီနေ့မှာ သူ့ရဲ့ချစ်သူလေးရဲ့ မွေးနေ့အတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းလေး ဆုတောင်းပေးခဲ့ပါတယ်။
အဆိုတော်ပိုးမီက “Happy birthday သဲသဲလေး။ ပျော်ရွှင်အေးချမ်းနွေးထွေးသော မွေးနေ့လေးဖြစ်ပါစေ။ မွေးဖွားလာတဲ့အတွက်ရော တည်ရှိနေပေးတဲ့အတွက်ရော .. ဒီဘဝမှာ တွေ့ဆုံခွင့်ရတဲ့အတွက်ရော ကျေးဇူးတင်ပါတယ် …
အကောင်းဆုံးဆိုတဲ့အရာတွေ အတူတူဝေမျှခွင့်မရနိုင်သေးပေမယ့် .. အဆိုးဆုံးဆိုတဲ့အချိန်တွေကိုတော့ အတူတူ ကျော်ဖြတ်ပြီး ရှိနေကြမယ်နော် …ဘယ်တော့မှ မပျက်စီးသွားမဲ့ ရေစက်လေးဖြစ်အောင်နေကြမယ်နော်။ I love you so much ” ဆိုပြီး
ချစ်သူလေးနဲ့အတူတူရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးတွေကို စုစည်ပြီး ဗီဒီယိုလေးတစ်ခုပြုလုပ်ကာ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုးမီရဲ့ ချစ်သူလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment