ပဲခူးမြို့ မဟာစေတီကျောင်းမှာ မိသားစုနဲ့အတူ ကန်တော်မင်္ဂလာအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ သူရိယ
ပရိတ်သတ်ကြီးရေ သူရိယ ကတော့ ဗီဒီယို ဇာတ်ကားတွေကို စတင်ရိုက်ကူးခဲ့ရာကနေ ပရိသတ်တွေ ရဲ့ ရင်ထဲ စတင်ရောက် ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး ခံစားသက်ဝင်မှု အပြည့်နဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်
ယနေ့ချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက်များ နေတာပဲဖြစ်ပါတယ်။ ဆွဲဆောင်မှု ရှိလွန်းတဲ့ အပြုံးတွေကြောင့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာပါ။ ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ အမြဲလိုလို လှူဒါန်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အခုလည်း မိသားစုနဲ့အတူ ပဲခူးမြို့ မဟာစေတီ ကံကျောင်းမှာ ကန်တော်မင်္ဂလာအတွက် လှူဒါန်းမှုတွေ ပြုလုပ်ဖြစ်ခဲ့တဲ့ ပုံတွေနဲ့ အတူ “အနန္တော အနန္တ ငါးပါးအား ဦးထိပ်ပန်ဆင်လျက် နှစ်ဖက်သော ဖိုးဖိုးဖွားဖွားများနှင့်
ဖေဖေ ဦးကြည်လင်းတို့အားရည်စူး၍ ပဲခူးမြို့ မဟာစေတီ ကံကျောင်းတွင် ကန်တော်မင်္ဂလာအတွက် အလှူပြုလုပ်ခဲ့ပါသည် နတ် လူ သာဓုခေါ်စေသော်” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။
Be the first to comment