သမီးလေးဂျူးဂျူးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေလာတဲ့ နန်းမြတ်ဖြိုးသင်း
ပရိသတ်ကြီးရေ နန်းဖြတ်ဖြိုးသင်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းဟာကျရာဇာတ်ကားတွေမှာ ပီပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပါ။
နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိမှာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းအားနဲ့ ပြုစုစောင့်ရှောက်ပြီး မိခင်ကောင်းပီသစွာနေထိုင်နေခဲ့ပါတယ်။ပရိသတ်တွေကတော့ နန်းမြတ်ရဲ့ မိခင်ကောင်းပီသလှတဲ့ စိတ်နဲ့ ရဲရင့်လှတဲ့ စိတ်ဓာတ်တွေကြောင့် ပရိသတ်တွေကတောင် ချီးကျူးနေခဲ့ကြရပါသေးတယ်။
ပရိသတ်တွေကလည်း နန်းမြတ်နဲ့ သူ့ရဲ့ကလေးတွေကို ချစ်ခင်ကြတာကြောင့် နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မကြာခဏဆိုသလို မိသားစုရဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလေ့ရှိပါသေးတယ်။ လတ်တလောမှာလည်း နန်းမြတ်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ပုံလေးတွေထဲမှာတော့ ဂျူးဂျူးလေးက အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားတာဖြစ်ပြီး “ဖြူဖြူစင်စင်ကောင်မလေးကို” ဆိုပြီး မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း နန်းမြတ်ဖြိုးသင်းရဲ့ သမီးလေးဂျူးဂျူးလေးကို ချစ်ပေးကြဖို့ ပြောချင်ပါတယ်နော်။
Be the first to comment