ဆရာ​​​ကြီးဦးဝင်းဖေမြင့်ဆီကနေ ပန်းချီကားလေး လက်ဆောင်ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေတဲ့ ဝတ်မှုန်ရွှေရည်

ဆရာ​​​ကြီးဦးဝင်းဖေမြင့်ဆီကနေ ပန်းချီကားလေး လက်ဆောင်ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်နေတဲ့ ဝတ်မှုန်ရွှေရည်

ပရိတ်သတ်ကြီးရေ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး။ အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော်။

ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ ဝတ်ဆင်တဲ့ဖင်ရှင်တိုင်းကလည်း ခေတ်နဲ့အညီ မိမိုက်လွန်းတာကြောင့် ဖက်ရှင်ဘုရင်မလို့တောင်တင်စားကြတာပါ။ ဝတ်မှုံရွှေရည်ဟာလတ်တလောမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး သူမဝါသနာပါတဲ့အရာလေးတွေကို လုပ်ကိုင်အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဝတ်မှုံရွှေရည်က သူမဝါသနာပါတဲ့ ပန်းချီပညာကိုသင်ယူဖြစ်ခဲ့တဲ့ မြင်ဆရာ၊ ကြားဆရာ ပန်းချီဆရာကြီးဦးဝင်းဖေမြင့်ဆီ သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောလာပါတယ်။ဝတ်မှုံရွှေရည်က “ပြီးခဲ့တဲ့ ရက်ပိုင်းက ဆရာ့ဆီ မရောက်တာကြာလို့ အလည်သွားရင်း ဆရာက ချက်ချင်းပဲ အမှတ်တရလက်ဆောင် ပန်းချီကားလေးရေးပေးလိုက်တယ်။

တကယ့်ကို အမှတ်တရပဲ” ဆိုပြီး ဝတ်မှုံရွှေရည်က ဦးဝင်းဖေမြင့် အိမ်ကို အလည်အပတ်သွားရင်း ဦးဝင်းဖေမြင့်ဆီက လက်ဆောင်ပန်းချီကားလေး ပြန်လည်ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*