ခင်ပွန်းဖြစ်သူ ကွယ်လွန်ခြင်း (၃)နှစ်(၂)လပြည့်အဖြစ် စတုဒီသာမုန့်ဟင်းခါးကျွေးခဲ့တဲ့ ဝါဝါဝင်းရွှေ
ပရိသတ်ကြီးရေ ဝါဝါဝင်းရွှေကတော့ တစ်ခေတ်တစ်ခါက ထိပ်တန်း မင်းသမီးကြီးတစ်လက်အနေနဲ့ကို အောင်မြင်နေခဲ့ပြီး လက်ရှိအချိန်ထိလည်း ဝါရင့် သရုပ်ဆောင်ကြီးတစ်ယောက်အဖြစ်နဲ့ကို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိနေသေးတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီးဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ အနုပညာလောကရဲ့ စွယ်စုံရမင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေဟာ အသက်အရွယ်တစ်ခုရောက်ရှိနေပြီမို့ အနုပညာအလုပ်တွေကို တော်တော်လေးလျှော့ချလိုက်ပြီဆိုပေမယ့် အရွယ်ကျသွားခြင်းမရှိသေးပဲ မိသားစုကို ဦးဆောင်နေဆဲပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဝါဝါဝင်းရွှေက မွန်မြတ်လှတဲ့ စတုဒီသာအလှူကြီးတစ်ခုကို လှူဒါန်းပြုလုပ်ခဲ့ပါတယ်။ အလှူကတော့ ကွယ်လွန်သွားတာ (၃)နှစ်နဲ့ (၂)လ ပြည့်မြောက်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဦးသန်းထွဋ် အတွက်ရည်စူးပြီး ကောင်းမှုအလှူပြုခဲ့တာပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ အလှူလေးကို မအေးသီတာကနေ တစ်ဆင့်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အလှူလေးကိုတော့ မအေးသီတာက တောင်ဒဂုံ (၁၄၀) မှာ သွားရောက်လှူဒါန်းပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အန်တီဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြုလုပ်တဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment