အောင်ချမ်းသာကျောင်းတိုက်မှာရှိတဲ့ကလေးတွေအတွက် အဟာရဒါနအလှူလေးလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ
ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းတတ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေခဲ့ရပါသေးတယ်။
ဆောင်းယွန်းစံကတော့ လတ်တလောမှာလည်း မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်။ အလှူလေးကတော့ မိဘမဲ့ ရင်ခွင်မဲ့ ကလေးငယ်တွေရဲ့ ခိုးကိုးရာဖြစ်တဲ့ ဘုန်းဘုန်း ဦးသုဇနရဲ့ အောင်ချမ်းသာကျောင်းတိုက်မှာ ရှိတဲ့ ကလေးတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
ဆောင်းယွန်းစံကတော့ ကလေးတွေအတွက် အဟာရဒါနအဖြစ် အလှူငွေ (၂)သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဆောင်းယွန်းစံရဲ့ အလှူအတန်းအတွက် သာဓုခေါ်ဆိုပေးကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment