ရပ်ကွက်ထဲက အိမ်ခြေ (၁၅၀)စာအတွက် ထမင်းဟင်းချက်ပြီးကျွေးမွေးလှူဒါန်းခဲ့တဲ့ ဆုပန်ထွာတို့ဇနီးမောင်နှံ
ပရိသတ်ကြီးရေ ဆုပန်ထွာဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ရာ ယနေ့အထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အနုပညာလောကထဲမှာအောင်မြင်ခဲ့တဲ့မင်းသမီးကြီးဆုပန်ထွာကတော့ လက်ရှိမှာချစ်တတ်တဲ့ခင်ပွန်းရယ် ချစ်စရာကောင်းတဲ့သားလေးနဲ့အတူဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။ ဆုပန်ထွာတို့ မိသားစုကတော့ ဒီနေ့မှာ မွန်မြတ်လှတဲ့ အလှူလေးပြုလုပ်ခဲ့ကြောင်း ဆုပန်ထွာရဲ့ ခင်ပွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
အလှူလေးကတော့ ရပ်ကွက်ထဲမှ ဘုန်းတော်ကြီးကျောင်း ဝိဇ္ဇာသိပ္ပံ ကျောင်းကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ရပ်ကွက်ထဲက အိမ်ခြေ (၁၅၀)စာအတွက် ထမင်းနဲ့ ဝက်သားမျှစ်ချဉ်ဟင်း တို့ကို ကျွေးမွေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ဆုပန်ထွာတို့ကတော့ လစဉ်တိုင်း ပျက်တုန်းလပ်တုန်းရက်ဖြစ်တဲ့ (၂၃)ရက်နေ့တိုင်း စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဆုပန်ထွာတို့ရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment