မိခင်​ဖြစ်သူကို ခံဝန်ကတိထိုးခိုင်းပြီး သမီးလေးကို မိခင်ထံပြန်လည်အပ်နှံခဲ့တဲ့ ခိုင်နှင်းဝေ

မိခင်​ဖြစ်သူကို ခံဝန်ကတိထိုးခိုင်းပြီး သမီးလေးကို မိခင်ထံပြန်လည်အပ်နှံခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်က ခိုင်နှင်းဝေရဲ့ ဂေဟာနားမှာ Taxi ပေါ်ကနေ ကလေးကို ချခဲ့ပြီး စွန်ပစ်ခံခဲ့ရတဲ့ ကလေးနဲ့ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မှာပါနော်။ ခိုင်နှင်းဝေကတော့ ဒီနေ့မှာ ကလေးကို မိခင်ထံသို့ပြန်လည်အပ်နှံလိုက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။

ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “သက်ဆိုင်ရာ အဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်များဖြင့် သမီးလေးကို မိခင်ရင်းထံ ပြန်လည်ပေးခဲ့ပါပြီရှင်…နှစ်ဘက်သော မိဘများ နှင့် အဆင်မပြေခြင်း ၊ နိုင်ငံခြားမှ အမျိုးသားဆီလိုက်သွားချင်တဲ့ စိတ် နှင့် အမှန်တကယ် အားလုံးသိရှိခြင်း(စိတ်ရောဂါ)မရှိခြင်းတို့ကြောင့် ဝန်ခံ ကတိ အထပ်ထပ်နှင့် ပြန်ပေးခဲ့ခြင်းဖြစ်ပါတယ်..

ကူညီပေးကြပါသော သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်ရှင်…ကလေးအတွက် စိတ်ချရတဲ့ အခြေအနေမို့ စိတ်ပူပေးကြတဲ့ တစ်ဦးချင်းတိုင်းကိုလဲ အထူးကျေးဇူးတင်ပါတယ်..အားလုံး အဆင်ပြေသွားတဲ့ အတွက် ကျမတို့လဲ ဝမ်းသာရပါတယ်ရှင်” ဆိုပြီး ပုံလေးတွေနဲ့မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*