ကျောင်းသား (၁၂၀) ရှိတဲ့ မိဘမဲ့ ကျောင်းမှာ မွေးနေ့ကျင်းပရင်းအလှူလေးပြုလုပ်ခဲ့တဲ့ အဆိုတော် ချမ်းမြေ့မောင်ချို
ပရိသတ်ကြီးရေ ချမ်းမြေ့မောင်ချိုကတော့ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ပြီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုလေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်ခဲ့တဲ့ရက်မြတ်လေးပဲဖြစ်ခဲ့ပါတယ်။
ချမ်းမြေ့မောင်ချိုလေးကတော့ ဒီနှစ်ရဲ့ မွေးနေ့ရက်မြတ်မှာ အသက် (၂၃)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုကမွေးနေ့အလှူအနေနဲ့ အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း “ကိုရင်ကျောင်းသား ၁၂၀ ရှိတဲ့ မိဘမဲ့ ကျောင်းမှာ သမီးမွေးနေ့အလှူလေးကို
ကျမရဲ့ ဈေးရောင်းရတဲ့ အမြတ်ငွေလေးရယ် သမီးရဲ့မုန့်ဖိုးလေးရယ် ကိုအသုံးပြုပြီး ဆန် ၃ အိတ် ဆီ ၃ပုံး ဝတ္ထုငွေ ကျပ်တစ်သိန်း…ကုလားပဲ ဆပ်ပြာ ကော်ဖီထုပ်နဲ့ ခလေးတွေစားဖို့ သရေစာ မုန့်လေးတွေရယ် ခဲတံဘောပင်လေးတွေရယ်ကို တတ်အားသ၍ သွားရောက်လှူဒါန်းခဲ့ပါတယ်..
ညဘက် ရွှေတိဂုံဘုရားတတ်ပြီး ပရိတ်ရွတ်အမျှပေးဝေခဲ့ပါတယ်” ဆိုပြီး ချမ်းမြေ့မောင်ချိုရဲ့ မိခင်ဖြစ်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။
ပရိသတ်ကြီးကလည်း ချမ်းမြေ့မောင်ချိုမွေးနေ့အလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment