ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို မျှဝေလာတဲ့ သံစဉ်မောင်
ပရိတ်သတ်ကြီးရေ သံစဉ်မောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲမှာ စတင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အစ်မဖြစ်သူ ဘေဘီမောင်ရဲ့ ပံ့ပိုး လမ်းညွှန်မှု အောက်မှာ လိမ္မာစွာ စကား နားထောင်နေထိုင်ပြီး အနုပညာ အလုပ်တွေကို ဆက်လက် ကြိုးစား လုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ လက်ခံ အာပေးမှုကို အခိုင်အမာ ရရှိထား တဲ့ သူတစ်ဦး လည်းဖြစ်ပါတယ်။
သူရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲ ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုတစ်ခါမှာလည်း သူမ ကိုယ်တိုင်သီဆိုထားတဲ့ “ငါပါ” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို မျှဝေလာပါတယ်။
သီချင်းလေးကို ခံစားချက် အပြည့်နဲ့ သီဆိုထားတာ နားထောင်ကောင်းလွန်းလို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ သီချင်းလေးကိုနားထောင်ရင်း သူမကိုလည်း ချစ်ခင်အားပေးကြပါဦးလို့ ပြောချင်ပါတယ်နော်။
Be the first to comment