မွေးနေ့ပွဲမသွားလိုက်ရတဲ့အတွက် ဒီကနေ့မှာ လမင်းကဗျာကို စိန်နားကပ်တစ်ရံ လက်ဆောင်သွားပေးခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ်
ပရိတ်သတ်ကြီးရေဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကြီးလူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မရိုက်ကူးဖြစ်တော့ပဲ အွန်လိုင်း Live Sale တွေရောင်းချကာ Live Queen ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
နှိုင်းယှဥ်မြင့်မိုရ်က စိန်ရွှေရတနာတွေကို live လွှင့်ရောင်းချနေပြီး နာရီပိုင်းအတွင်း သိန်းထောင်ချီရောင်းနေရတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ မနေ့က စက်တင်ဘာလ(၂၁)မှာ မွေးနေ့ကျရောက်ခဲ့တဲ့ သရုပ်ဆောင်လမင်းကဗျာကတော့သူ့ရဲ့မွေးနေ့လေးကိုထူးခြားစွာကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
လမင်းကဗျာမွေးနေ့လေးမှာအနုပညာရှင်များစွာတက်ရောက်ခဲ့ပြီးပျော်စရာနေ့လေးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ညလေးကိုမအားလပ်လို့မတတ်ရောက်ဖြစ်ခဲ့တဲ့နှိုင်းယှဥ်မြင့်မိုရ်ကတော့နောက်ရက်မှာအိမ်ကိုသွားရောက်ခဲ့ပြီးလက်ဆောင်လေးနဲ့စပရိုက်တိုက်ခဲ့တာပဲဖြစ်ပါတယ်။ ညီအစ်မတွေလိုချစ်ခင်ရတဲ့လမင်းကဗျာအတွက်အဖိုးတန်စိန်နားကပ်တစ်ရံလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။
မွေးနေ့ရှင်လေးကလဲအရမ်းပီတိဖြစ်ရပြီးအရမ်းကျေးဇူးတင်ကြောင်းသူရဲ့ လူမှုကွန်ရက်စာမျက်မှာပေါ်မှာမျှဝေထားပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Be the first to comment