မနက်စောစောမှာ ကိုယ်တိုင်ချက်ပြုတ်ပြီး သားသမီးတွေကို ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေ ပြသလာတဲ့ နိုင်းနိုင်း

မနက်စောစောမှာ ကိုယ်တိုင်ချက်ပြုတ်ပြီး သားသမီးတွေကို ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေ ပြသလာတဲ့ နိုင်းနိုင်း

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာအလုပ် တွေကို ငယ်စဉ် အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။နိုင်းနိုင်းက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူရဲ့ဇာတ်ကားတွေဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ခံရပါတယ်နော်။

နိုင်းနိုင်းရဲ့ ရူပါကတော့ အရမ်းဖြောင့်ပြီး ခန့်ညား လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။နိုင်းနိုင်းက ချစ်ရတဲ့မိန်းကလေး စန္ဒီချိုနဲ့ အတူတူ နှစ်ယောက် တစ်ဘဝကို တည်ဆောက်လိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်နော်။

နိုင်းနိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ ဇနီးရှိတဲ့ နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။အခုဆိုရင်တော့ နိုင်းနိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်း နဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

နိုင်းနိုင်းက ဇနီးသည်နဲ့ကလေး၄ယောက်ကို အရမ်းချစ်လို့ အစစအရာအရာ လိုလေ​သေးမရှိအောင် ဂရုစိုက်ပြီး ပံ့ပိုးနေတဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီတစ်ခါမှာဆိုရင်လည်း သရုပ်ဆောင်နိုင်းနိုင်းက သားတွေ သမီးတွေကို ကိုယ်တိုယ် ချက်ကျွေးပြီး “ထမင်းပါ ခွံ့ကျွေးတဲ့ အဖေမျိုး မလိုချင်ဘူးလား” လို့ဆိုပြီး

သားသမီးလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်စရာကောင်းတဲ့သားသမီးလေးတွေနဲ့​​ ပျော်ရွှင်နေတဲ့ ဖေဖေနိုင်နိုင်းကိုလည်း ပရိတ်သတ်ကြီးက ချစ်ခင်အားပေးကြဖို့ ပြောချင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*