ခင်ဝင့်ဝါကို အရမ်းသဘောကျပြီး သူ့လိုမျိုးလေးလှချင်တယ်လို့ ရိုးသားစွာပြောလာတဲ့ ဂျမ်းတောလေး
ပရိတ်သတ်ကြီးရေ သရက်ကင်လေးရောင်းပြီး မိသားစုကိုရှာကြွေးနေတဲ့ကလေးငယ်မိဂျမ်းတောလေး ကတော့အရွယ်နဲ့မလိုက်အောင်မိသားစုကို သိတတ်လွန်းသူလေးပဲ ဖြစ်ပါတယ်နော်။ ရိုးသားပြီးကြိုးစားတဲ့ဂျမ်းတောလေးကို သရုပ်ဆောင်စည်သူပလတ်ကျွတ်က ကူညီပေးပြီး
မြေတောင်မြှောက်ပေးခဲ့တာ အခုဆိုဂျမ်းတောလေးကအားလုံးရဲ့ အချစ်တွေကိုရရှိနေပြီပဲ ဖြစ်ပါတယ်။ စကားပြောရင်ရိုးသားပြီးပွင့်လင်းတဲ့ ဂျမ်းတောလေးက ယနေ့မီဒီယာတစ်ခုမှာသူအရမ်းသဘောကျရတဲ့အနုပညာရှင်ကခင်ဝင့်ဝါ ဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။
ဂျမ်းတောလေးက “ခင်ဝင့်ဝါရဲ့ကိုယ်လုံး၊အသားအရည်၊ပုံစံ၊အားလုံး အရမ်းကြိုက်တာ ခင်ဝင့်ဝါနှင့်တွေရင် လတ်တလောခေတ်စားနေတဲ့ ဗာရာဏသီ သီချင်းလေးနဲ့ Tik Tokဆော့ချင်တယ်” ဆိုပြီး ပြောဆိုလာခဲ့ပါနော်။ ပရိတ်သတ်ကြီးကလည်း ဂျမ်းတောလေးကို ဝန်းရံပေးပြီး ချစ်ခင်ပေးကြပါလို့ ပြောချင်ပါတယ်နော်။
Be the first to comment