လက်ရှိ ကြုံတွေ့နေကြတဲ့ KBZ Pay ပြဿနာနဲ့ ဆောင်ရန် ရှောင်ရန်များ (သိသင့်တဲ့အကြောင်းအရာမို့ နားလည်အောင် ဖတ်ရန်)

လက်ရှိ ကြုံတွေ့နေကြတဲ့ KBZ Pay ပြသနာနဲ့ ဆောင်ရန် ရှောင်ရန်များ (သိသင့်တဲ့အကြောင်းအရာမို့ နားလည်အောင် ဖတ်ရန်)

KBZ Pay ဖွင့်ထားတဲ့နာမည်နဲ့SIM card မှတ်ပုံတင်ထားတဲ့ နာမည်မတူရင် အကောင့်တွေ ပိတ်နေပါတယ်။ Translation များတဲ့အကောင့်တွေ စုမဲ အကောင့့်တွေ အနေနဲ့ Banking ထဲသို့ ကြိုတင် ရွေ့ပြောင်းထားပါ။

အဓိက ပစ်မှတ်ကတော့ အနီနဲ့ လက်မခံဘဲ အပြာနဲ့သာ လက်ခံနေကြတဲ့ ဆိုင်သမားတွေရယ် ၊ပြီးတော့ အရောင်းအဝယ် အရမ်းများတဲ့ Online Shop သမားတွေရယ် ၊ ပြီးတော့ တန်ဖိုးကြီး ပစ္စည်းတစ်ခုခုကို မဲလုပ်ရောင်းတဲ့ ဖုန်းတွေရယ် ၊ ဒီနေရာမှာ ဘာလို့ ဒါကို ထည့်ပြောရလဲဆိုရင် တူညီတဲ့ ငွေပမာဏ တစ်ခုကို တစ်ချိန်ထဲမှာဘဲ အကုန် စုလွဲဲကြလို့ပါ ။

အဲ့တော့ သူတို့ဆီမှာ Scam Alarm ပုံစံမျိုး သွားပေါ်တယ်ပေါ့ဗျာ ။မဲသမားတွေလည်း ဒါကို အထူးဂရုစိုက်ဖို့ လိုပါတယ် ။ အရင်လက ဆိုင်သမားတွေကို KPay က လူကြီးတွေကိုယ်တိုင် ဆင်းလာပြီး သတိပေးထားတာပါ ။ အခုတော့ တကယ် ဖြစ်လာပါပြီ။ မလုပ်တာ မဟုတ်ဘူး ။ မလုပ်သေးတာ ။အခုတော့ တကယ် လုပ်နေပြီ ။ တော်ရုံလူတွေက ဘာပြသာနာမှ မရှိပါဘူး ။ စိတ်ချစွာ သုံးလို့ရပါတယ် ။

မဲရောင်းသူများ သ်ို့ တန်ဖိုးကြီး ပစ္စည်းတစ်ခုကို မဲ လုပ်ရောင်းသူများ အထူးသတိထားပါ ။ မဲရောင်းတာဟာ Transcations အရမ်းများတာ ဖြစ်တဲ့အတွက် အကောင့်တစ်ခုထဲ အကုန် မလွှဲခိုင်းပါနဲ့ ။ Level 2 ၅ ကောင့် လောက်ကို မျှလွှဲခိုင်းပါ ။ဒါအပြင့် အရောင်းအဝယ်များတဲ့ Online Shop သမားတွေလည်း KPay တစ်ခုထဲ မသုံးပါနဲ့ ။မျှသုံးကြပါ ။

Transcations အရမ်းများရင် အကောင့် ပိတ်ခံထိပါမယ် ။ လောလောဆယ်မှာတော့ KPay Level 2 ရဲ့ Name နဲ့ Sim Card Register လုပ်ထားတဲ့ Name တူစရာ မလိုသေးပါဘူး ။ ဒီနေ့ အကောင့် ပိတ်ခံထိတာတွေက Transcations အရမ်းများလို့သာ ဖြစ်ပါသည် ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာ နဲ့ ပတ်သတ်ပြီး ကျန်ခဲ့တဲ့ လက ဆိုင်သမား တချို့ ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကြပါတယ်

KBZ ရဲ့ CSE တွေက Kpay ငွေသွင်း ငွေထုတ်တွေ အနီနဲ့ မထုတ်ပေးလို့ ပြသာနာ ရှာသွားတယ်ပေါ့ဗျာ ။ ပြသာနာရှာတာတော့ မဟုတ်ပါဘူး ။ သတိ‌ေပး သွားတာပါ ။ ဖြစ်ပုံက KPay Agent အနီ နဲ့ အထုတ် အသွင်း အလွှဲလေးတွေ လုပ်ပေးကြပါ ။ အနီနဲ့ မလုပ်ဘဲ အပြာနဲ့ဘဲ အမြဲတမ်း လုပ်နေရင် အကိုတို့ အပြာအကောင့်တွေ ပိတ်ခံ ရလိမ့်မယ်တဲ့ ။

အပြာတင် ပိတ်မှာ မဟုတ်ဘူးတဲ့ ။ သုံးနေတဲ့ ဆင်းကဒ်ပါ ပိတ်ကုန်မယ်တဲ့ ။တာဝန်ခံကတော့ နားလည်အောင် ပြောပြသွားတာဘဲ ။ ဘဏ်တွေမှာ ငွေသွားလွှဲသလိုပေါ့ ။ ဘာကြောင့် လွှဲတာလဲ ၊ ဘယ်ကို လွှဲတာလဲ ။ ငွေထုတ်ရင်တောင် ဘာကြောင့် ထုတ်တာလဲ ။ ဘာလိုအပ်လို့ ထုတ်တာလဲ ။

Transcation Message တွေက ဘာလို့ များနေတာလဲ ။ငွေလွှဲ ငွေထုတ်ကို ဘာကြောင့်အနီနဲ့မထုတ်ပေး ဘဲ အပြာနဲ့ ထုတ်ပေးတာလဲ ။ ဖြေရှင်းချက် မပေးနိုင်ရင်တော့ ဆင်းကဒ်ပါ ပိတ်နိုင်ပါတယ်တဲ့ ခင်ဗျာ ။ ကိုယ့်sim card တွေ ဘာအမည်နဲ့မှတ်ပုံတင်ထားလဲ ပြန်စစ်ကြည့်ကြပါ။ လိုအပ်လျှင် ပြင်ဆင်ပါ။

Sim မှတ်ပုံတင် စစ်ဆေးရန် MPT – *601#၊ Ooredoo – *666#၊ Telenor – *979*3*3#၊ Mytel – *966# ဖော်ပြပါ အကြောင်း အရာများအား လိုင်းပေါ်တွင် ကြုံတွေ့ နေရသည့် သူ တချို့ရဲ့ အတွေ့အကြုံများကို ပြန်လည် ကိုးကား ဖော်ပြထားပါသည်

Be the first to comment

Leave a comment

Your email address will not be published.


*