အသက်(၆၈)ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့အမေအတွက်ထူးထူးခြားခြားလေး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင်စိုးမြတ်နန္ဒာ

အသက်(၆၈)ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့အမေအတွက်ထူးထူးခြားခြားလေး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင်စိုးမြတ်နန္ဒာ

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်စိုးမြတ်နန္ဒာကတော့ ကာရိုက်တာတစ်ခုစီတိုင်းမှာ မတူညီတဲ့ အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူ ကျရာဇာတ်ကောင်နဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။

စိုးမြတ်နန္ဒာဆိုတာနဲ့ယနေ့ချိန်ထိပရိသတ်အချစ်တွေနဲ့အောင်မြင်နေသူပါ။ သူမဟာ စိုးညီမတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီမတွေဟာ အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ပရိသတ်တွေချစ်နေကြသူတွေပါ။အသက်အရွယ်တွေရလာတာကြောင့်အနုပညာအလုပ်တွေနဲ့ဝေးကွာနေကြတာပါ။ ဒါပေမယ့်လည်းလူမှုကွန်ရက်ကနေပရိသတ်တွေနဲ့အမြဲနီးကပ်စွာရှိနေတာပါ။

ပရိသတ် တွေကလည်းသူတို့ညီမတွေမိသားစုပုံရိပ်လေးတွေကြည့်ပြီးချစ်နေရတာပါ။ဒီနေ့ကတော့ သူတို့ရဲ့အမေရဲ့မွေးနေ့လေးဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးမှာတော့မိသားစုစုံစုံလက်လင်နဲ့မွေးနေ့လေးကျင်းပခဲ့ပါတယ်။ သရုပ်ဆောင်စိုးမြတ်နန္ဒာက အသက်(၆၈)ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့အမေအတွက် ထူးထူးခြားခြားလေး မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်စိုးမြတ်နန္ဒာက “ကိုယ့်ရဲ့ နတ်သမီး၊ ၆၈ ပြည့်မှ အသက် ရာကျော် ရှည်ပါစေ၊ မေ့သမီးငယ်” ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။ ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*