အစ်မဖြစ်သူအိမ့်ချစ်ရဲ့ သမီးအမရာလေးကို တစိမ့်စိမ့်ကြည့်ပြီး အချစ်ပိုနေတဲ့ ဂျူနီယာချစ်ကောင်း

အစ်မဖြစ်သူအိမ့်ချစ်ရဲ့ သမီးအမရာလေးကို တစိမ့်စိမ့်ကြည့်ပြီး အချစ်ပိုနေတဲ့ ဂျူနီယာချစ်ကောင်း

ပရိတ်သတ်ကြီးရေ အဆိုတော်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်နဲ့ သားဖြစ်သူ ဂျူနီယာချစ်ကောင်းတို့ကတော့ ဖခင်ဖြစ်သူလိုပဲ သီချင်းဆိုကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း အောင်မြင်တဲ့ အဆိုတော်ကြီးတစ်ယောက်အဖြစ် ဂီတလောကမှာ နာမည်ကြီးသလို

ဂျူနီယာချစ်ကောင်းကလည်း အဖေနဲ့ အစ်မရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပါပဲ။ အိမ့်ချစ်က ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့မှာ သမီးလေးအမရာကိုမွေးဖွားခဲ့တာဖြစ်ပြီး ဂျူနီယာချစ်ကောင်းကလည်း ပထမဦးဆုံးရရှိခဲ့တဲ့ တူမလေးကို အချစ်ပိုနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဂျူနီယာချစ်ကောင်းက သူ့ရဲ့တူမလေး အမရာလေးနဲ့ သူ့ရဲ့ပုံရိပ်လေးကို “လိမ္မော်သီးလေးနဲ့” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပြန်ပါတယ်။ ဂျူနီယာချစ်ကောင်းကတော့ အစ်ကိုဖြစ်သူကမွေးတဲ့တူလေးနှစ်ယောက်ပိုင်ဆိုင်ထားပြီဆိုပေမယ့်

မိန်းကလေးတူမလေးကို အခုမှရရှိခဲ့တာမို့ လက်ကနေမချနိုင်အောင် အရမ်းချစ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂျူနီယာချစ်ကောင်းတို့ တူရီးနှစ်ယောက်ရဲ့ပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးနေမိမယ်ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*