သားလေးနဲ့တူရဲ့လားဆိုပြီးကလေးဘဝတုန်းက ပုံရိပ်လေးတစ်ချို့ကို ထုတ်ပြလာတဲ့ ဆုပန်ထွာ
ပရိတ်သတ်ကြီးရေ ဆုပန်ထွာဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ရာ ယနေ့အထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
အနုပညာလောကထဲမှာအောင်မြင်ခဲ့တဲ့မင်းသမီးကြီးဆုပန်ထွာကတော့ လက်ရှိမှာချစ်တတ်တဲ့ခင်ပွန်းရယ် ချစ်စရာကောင်းတဲ့သားလေးနဲ့အတူဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။သားလေးကလည်း ပရိသတ်တွေချစ်နေရသူတစ်ယောက်ပါ။
သားလေးရဲ့video လေးတွေပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာဖြစ်ပြီး သားလေးကလည်းအဖေတူသားလေးဖြစ်တာကြောင့်ပိုချစ်မဝဖြစ်နေရတာပါ။ သူတို့မိသားစုဘဝလေးကိုကိုကြည့်ပြီးကြည်နူးနေရတာပါ။
အခုမှာလည်းမေမေဆုပန်ထွာ သူငယ်ငယ်လေးကပုံလေးကိုတင်ထားတာပါ။ ဆုပန်ထွာက “ကလေးဘဝ အမှတ်တရ သားလေး Roar Roar နဲ့တူလားသိချင်မိ” ဆိုပြီးပုံလေးတင်ထားတာပါ။ ငယ်ငယ်တုန်းကပုံလေးတွေက သားလေးနဲ့ တူလားဆိုတာကို ပရိတ်သတ်ကြီးကပြောပေးသွားကြပါဦးနော်။
Be the first to comment